Thursday, April 17, 2014

ဥပ​ဒေ ​ရေးရာ
peaceoftrustThursday, April 17, 2014 0 comments

မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဒေသန္တရ စီမံကိန်း ဥပဒေ အပါအဝင် ဥပဒေ ခြောက်ခု အတည်ပြုမည်မန္တလေး၊ မတ် ၁၀ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် နဝမ ပုံမှန် အစည်းအဝေးကို မတ် ၁၀ ရက်နေ့က စတင် ကျင်းပလျက် ရှိရာ ဒေသန္တရ စီမံကိန်း ဥပဒေ အပါအဝင် ဥပဒေ ခြောက်ခု တင်သွင်း အတည်ပြုရန် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။မန္တလေးတိုင်း ဒေသကြီး အတွက် အရေးကြီး ဥပဒေ နှစ်ခုဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး ၂၀၁၄-၂၀၁၅ ဒေသန္တရ စီမံကိန်း ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ၂၀၁၄- ၂၀၁၅ ဘဏ္ဍာငွေရသုံး ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ဆိပ်ကမ်းများ သင်္ဘောဆိပ်များ ဆိပ်ခံများ ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ကုန်တင်ကုန်ချ လုပ်သား ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး ပုဂ္ဂလိက ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ၊ မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ကို တင်သွင်း အတည်ပြုရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။လက်ရှိအချိန်ထိ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်က ဥပဒေ ၂၀ ခု အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။လွှတ်တော် အသီးသီးက ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် အရည်အသွေး ပြည့်မီရန် အထူးလိုအပ်ကြောင်း မန္တလေးမြို့ခံ တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ် ပြောကြားသည်။ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် နဝမ ပုံမှန် အစည်းအဝေးတွင် အဆို ၁၅ ခုနှင့် မေးခွန်း ၂၂၇ ခု မေးမြန်း သွားမည် ဖြစ်ကြောင်း ယင်းလွှတ်တော်ထံမှ သိရှိရသည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝန်းလုံး အတွက်သော် လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသ အတွက်သော် လည်းကောင်း၊ အာဏာ သက်ရောက်စေရန် ဥပဒေပြုခွင့် ရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၈၈ တွင် ဖော်ပြပါရှိပြီး ယင်းပုဒ်မအရ ဥပဒေ ၄၁ ခု ပြဋ္ဌာန်းနိုင်သည်

In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment