Thursday, February 27, 2014

ဇီကုန်းသားတို့၏အောက်ပွဲ
peaceoftrustThursday, February 27, 2014 0 comments

ကန့်ဘလူ ဇီးကုန်းတစ်ရွာလုံး တရားစွဲခံရ မန္တလေး ဖေဖော်ဝါရီ ၂၅ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် စည်ပင်သာယာရေး အဖွဲ့က ကောက်ခံသည့် အခွန်အခများကို မပေးဆောင်သည့်အတွက် မြို့နယ် စည်ပင်သာယာရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌက ဇီးကုန်းကျေးရွာရှိ ကျေးရွာသားများ အားလုံးကို တရားစွဲဆို ထားကြောင်း ယင်းဇီးကုန်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ယင်းဇီးကုန်း ကျေးရွာကို ကန့်ဘလူမြို့နယ် စည်ပင်သာယာရေး အဖွဲ့က ၂၀၀၁ ခုနှစ်မှ စတင်ပြီး မြို့ပြကဲ့သို့ ဖွံ့ဖြိုး တိုးတက်သောဒေသ (၃ခ) အဖြစ် သွတ်သွင်းပြီး ရေခွန်၊ မီးခွန်၊ အိမ်ခြံမြေခွန် တို့ကို ကောက်ခံ ခဲ့သော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ယင်းဒေသခံများက မပေးဆောင်သဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း အဆိုပါ ဇီးကုန်းကျေးရွာ စည်ပင်သာယာရေး အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးဇာနည်အောင်က ရှင်းလင်း ပြောကြားသည်။“တစ်ရပ်ကွက်ကို ၅ ယောက်နှုန်းနဲ့ ကန့်ဘလူမြို့နယ် တရားရုံးမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ တရားရုံးက ဆင့်စာ ရောက်လာတယ်။ စာထဲမှာကတော့ စည်ပင်သာယာဆိုင်ရာ အခွန်အခ မပေးဆောင်တဲ့အတွက် စည်ပင်သာယာ ဥပဒေ ၆၆ နဲ့ တရားစွဲဆို ထားတယ်လို့ ရေးထားတယ်” ဟု ၎င်းကဆိုသည်။အဆိုပါ အခွန် မပေးဆောင်သည့်အတွက် တစ်ရပ်ကွက်လျှင် ငါးဦးနှုန်းဖြင့် စုစုပေါင်း ၂၀ ဦးကို ပထမအသုတ် အနေနှင့် တရားစွဲဆို ထားခြင်းဖြစ်ကာ ထပ်မံ၍လည်း ဒေသခံများကို တရားစွဲဆိုရန် အစီအစဉ် ရှိနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။“လွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီး ဦးကိုကိုကိုယ်တိုင်က ဇီးကုန်းကို ကျေးရွာအဖြစ် ဆက်လက် ထားရှိမယ်လို့ တရားဝင် ဖြေကြားထားတယ်ဗျ၊ ကျွန်တော်တို့နား ကပိုးရေလှောင်တမံကို သွားတဲ့ ကျေးရွာလမ်းကို ကပိုးရွာချင်း ဆက်လမ်းလို့ ဆိုင်းဘုတ် တပ်ထားတယ်ဗျ။ အခုအထိ ကျေးရွာ အဆင့်ပဲရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့က စည်ပင်ကို အခွန်မဆောင်တာ” ဟု အဆိုပါ တရားစွဲဆို ခံထားရသူ ဇီးကုန်းကျေးရွာ ဒေသခံ ဦးတင်မိုးက ဆိုသည်။ကျေးရွာ လျှပ်စစ်မီးမှာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပေး ထားခြင်း မဟုတ်ဘဲ ဒေသခံများက ကိုယ်ထူကိုယ်ထ ဆောင်ရွက် ထားခြင်းဖြစ်ကာ အမှိုက်ကိုလည်း အဆိုပါ အဖွဲ့က လာရောက် သိမ်းဆည်းခြင်း မပြုဘဲ ကိုယ်ထူကိုယ်ထ သိမ်းယူရခြင်း တို့ကြောင့် ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ခုလုံး အခွန်အခ မဆောင်ဘဲ နေထိုင်လာကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် အခွန်အခ လာရောက် ကောက်ခံသည့် အခါတွင်လည်း မြို့ပြများထက်ပင် အခွန်အခ များပြားနေသဖြင့် အများစုက မပေးဆောင်ကြကြောင်း ယင်းဒေသခံများက တညီတညွှတ်တည်း ပြောကြားသည်။“ဇီးကုန်းအတွက် ကောက်ခံရရှိမယ့် အခွန်အခ စုစုပေါင်း ၉၅ သိန်းရဖို့ လျာထားပါတယ်၊ အခုအချိန် အထိတော့ ၃ သိန်း ကျော် ရရှိထားပါပြီ။ (လန ၃၉) ကျထားတဲ့ မြေရှိရင် စည်ပင်သာယာက အခွန်အခ ကောက်ခွင့် ရှိပါတယ်။ အခုလောလောဆယ် စည်ပင်သာယာ အက်ဥပဒေ ၇၁ အရ အကြောင်းမကြားဘဲ အိမ်ဆောက်တဲ့ လူ ၃ ဦးကို တရားရုံးကို တင်ပို့ထားပါတယ်။ အခွန် ပေးဆောင်ရတဲ့ ကာလမှာ အခွန်ပေးဆောင်ခြင်း မပြုရင် စည်ပင်အက် ဥပဒေ ၆၆ နဲ့ တရားရုံးကို တင်ပို့ပါတယ်” ဟု ကန့်ဘလူမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။ကန့်ဘလူမြို့နယ် ဇီးကုန်းကျေးရွာတွင် ရပ်ကွက် ၄ ခု၊ အိမ်ခြေပေါင်း ၁၀၆၅ လုံး၊ အိမ်ထောင်စု ၁၁၇၈ စု၊ အမျိုးသား ၃၁၂၈၊ အမျိုးသမီး ၃၀၈၁ ဦးရှိကြောင်း ကန့်ဘလူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ စာရင်းဇယားများအရ သိရှိရသည်။

Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment