Wednesday, April 2, 2014

စီးပွားရေး ဖြစ်ထွန်းမူ
peaceoftrustWednesday, April 2, 2014 0 comments

ကျောက် အရိုင်းများကိုသာ ရောင်းချမှု များပြားနေသေးသဖြင့် တန်ဖိုးမြင့် ကျောက်မျက်များ ပိုမို ထုတ်လုပ်ရန် လိုအပ်လျက် ရှိ

ပြည်တွင်းမှာ ကျောက်မျက် ရတနာ ထွက်ရှိမှုတွေ များစွာ ရှိနေပြီး လုပ်ငန်းရှင်တွေ အနေနဲ့ ထုတ်လုပ် ရောင်းချမှုတွေ အမြောက်အမြား ရှိနေပြီး ဒီလိုေ ရာင်းချရာမှာ ကျောက်အရိုင်းများကိုသာ ရောင်းချမှု များပြား နေသေးတာကြောင့် တန်းဖိုးမြင့် ကျောက် မျက်တွေ ယခုထက် ပိုမို တိုးချဲ့ ထုတ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စု ဦးသိန်းထိုက်ရဲ့ ပြောကြား ချက် အရ သိရပါတယ်။

အခုအခါ ပြည်တွင်းရဲ့ ကျောက်မျက် ရတနာ ထုတ်လုပ် ရောင်းချမှုမှာ အချောထည် ထုတ်လုပ်ကာ တန်ဖိုးမြင့် ရောင်းချမှုတွေ ရှိနေပေ မယ့် အကျိုးအမြတ် ရရှိမှုတွေမှာ ပြည်တွင်း လုပ်ငန်းရှင်တွေ ရရှိမှု သုံးပုံတစ်ပုံပင် မရတာကြောင့် အကျိုးအမြတ် နည်းပါးပြီး နိုင်ငံတကာ ကုန်သည်တွေက ထိုက်သင့်တဲ့ တန်ဖိုးရဲ့ သုံးပုံနှစ်ပုံကျော် ရရှိနေတာကြောင့် အခုထက် ပိုမိုပြီး တန်ဖိုးမြင့် ကျောက်မျက် တွေ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိ ကာလအထိ ပြည်တွင်းမှာ ထွက်ရှိတဲ့ အဖိုးတန် ကျောက်စိမ်းကိုလည်း အရိုင်းတုံး အတိုင်း ရောင်းချမှုသာ များပြားနေသေးတာ ဖြစ်ပါတယ်။


ဒီလို ရောင်းချရာမှာလည်း ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ရဲ့ နောက် ဆုံး သတ်မှတ်ချက် အရ အခုအခါ ကျောက်မျက် ရတနာတွေနဲ့ လူသုံးကုန် ရောင်းချမှုတွေမှာ မူလ နိုင်ငံရဲ့ တံဆိပ် ပါရှိရမယ်ဆို တဲ့ သတ်မှတ်ချက်ကြောင့် မိုးကုတ် ကျောက်မျက် ရတနာ တံဆိပ်နဲ့ ပြည်ပကို ရောင်းချပြီး နိုင်ငံတကာကလည်း ကြိုက်နှစ် သက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်ကိုလည်း ပြည်တွင်းမှာ ရှိတဲ့ ကျောက်မျက် ရတနာ လုပ်ငန်းရှင်တွေကလည်း မိမိတို့ရဲ့ အဖိုးတန် ကျောက်မျက် ရတနာတွေကို အရိုင်းအတိုင်း ရောင်းချမှုကို လျှော့ချပြီး တန်ဖိုးမြင့် ပိုမို ထုတ်လုပ်ကာ ထိုက်သင့်တဲ့ တန်ဖိုး ရရှိစေဖို့ ကြိုးပမ်း သွားရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment