Thursday, April 17, 2014

ဘာသာ​ရေး လူမူ​ရေး ဆိုင်​ရာ ဥပ​ဒေ
peaceoftrustThursday, April 17, 2014 0 comments

ဘာသာရေး၊ လူမှုရေးဆိုင်ရာ ဥပဒေလေးခု အစိုးရ၀န်ကြီးဌာနများ ပြုစုရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ဥာဏ်လှိုင်လင်း| ကြာသာပတေးနေ့၊ ဖေဖော်ဝါရီလ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ နေပြည်တော်၊မဇ္ဈိမ။ ။ လိုအပ်ပါက ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ပေးပါရန် သမ္မတပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည့် မျိုးစောင့်ဥပဒေအပါအဝင် ဘာသာရေး၊ လူမှုရေးဆိုင်ရာ ဥပဒေလေးခုကို သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများက ပြုစု၍ ပြန်လည်တင်ပြရန် ဖေဖော်ဝါရီလ ၂၇ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။“၀န်ကြီးဌာနများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ဥပဒေကြမ်းတစ်ရပ်စီ တင်ပြပေးပါရန်”ဟု ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လက်မှတ်ဖြင့်နိုင်ငံတော်သမ္မတ ထံသို့ ယနေ့ (ဖေဖော်ဝါရီလ ၂၇ရက်) ပြန်လည်ပေးပို့မည့် သဝဏ်လွှာတွင် ရေးသားထားသည်။ ယင်းတို့ကို ဥပဒေအဖြစ်ပြဋ္ဌာန်းပေးရန် နိုင်ငံတော်သမ္မတထံသို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒ န္တ တိလောကာဘိဝံသက ပြည်သူတို့၏ လက်မှတ် တစ်သန်းကျော်ဖြင့် စာရေးသားပေးပို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၂၅ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ လိုအပ်သလို ဆောင်ရွက်ပေးရန် သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ယနေ့ လွှတ်တော်က ပြန်လည်ပေးပို့ရာတွင် သမ္မတ၏ သဝဏ်လွှာပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို သာသနာရေးဝန်ကြီးဌာန၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က တာဝန်ယူရေးဆွဲသင့်သည်ဟု ဖော်ပြထားသည်။

In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment