လူ့ အခွင့်အရေး ကတော့ပြောတာပဲ
လွပ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ ......တဲ့
လူအများရှေ့ မှောက်တွင် .....တဲ့
မျှတစွာကြားနာစစ်ဆေးခြင်းကို .....တဲ့

အင်း ....
မနေ့ က ကိုသိန်းအောင်မြင့်တို့  ရုံးချိန်းကို
ရဲတွေ ပိတ်ကာနေတဲ့
တစ်ပေါက်တည်းသော ပြူတင်းပေါက်က တိုးဝှေ့  ကြားနာခဲ့ပြီးပြီ
မနက်ဖန်တော့
ကိုအေးသိန်း တို့  ရုံးချိန်းကို
ကော်ရစ်တာမှာ ရှေ့ လူပုခုံးကိုင်ကာ ခြေဖျားထောက် ကြားနာလိုက်ဦးမယ်
ကြီး သုံးကြီး အလှည့်ကျရင်တော့ .....(တိုးကြီး တို့ ပြောတာပါ)
တရားခံဆိုသူ နဲ့  တရားစွဲ အဖွဲ့ ဆိုသူများသာ ထိုင်စရာ ရှိတဲ့ ရုံးတော်မှာ လူအများရှေ့ မှောက်တရားစီရင်တယ် ဆိုတာကြီး ဖြစ်ဖို့ 
လူကို လူလို နေရာပေးတာကြုံကောင်းရဲ့ ...... kyaw gyi ab facebook

0 comments
Post a Comment