ရွှေကောက်ပွဲ အလွန် မြန်မာ နိုင်ငံရေး မျှော်ကြည့်ခြင်း
(စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း)
YMG- မင်္ဂလာပါဆရာ၊ မကြာမီကာလ ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲလာပါတော့မယ်။ အဲဒီ့
ရွေးကောက်ပွဲပြီးရင် အစိုးရသစ်တစ်ရပ်လဲ ပေါ်လာမှာဖြစ်ပါတယ်။
တော်တော်များများက ၂၀၁၅ အလွန်လို့ပြောကြတယ်။ ဒါပေမဲ့ တလောတုန်းက
သတင်းစာထဲမှာ နိုင်ငံတော် သမ္မတကြီးက “တို့သက်တမ်းက ၂၆လ
ကျန်သေးတယ်လို့ပြန်ပြောတော့” ကျွန်တော် ပြန်တွက်ကြည့်တယ်။
လက်ရှိအစိုးရသက်တမ်းဟာ ၂၀၁၆ မတ်လအထိ ဆက်ရှိနေအုန်းမှာ။ ၂၀၁၆-၂၀၁၇
ဘဏ္ဍာရေးနှစ်မှ နောက်အစိုးရသစ်က ပေါ်လာမှာဆိုတော့ ၂၀၁၅အလွန်ပဲ ပြောပြော၊
၂၀၁၆အလွန်ပဲပြောပြော ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့ ပတ်သက်ပြီး ဆရာ
သုံးသပ်ပေးပါဦး။KW- ၂၀၁၆ အလွန်မှာ ဘယ်လိုအစိုးရ ဖြစ်မလဲဆိုတာ ကျွန်တော်လဲ
မသိပါဘူး။ အဲဒီ မတိုင်ခင် ၂၀၁၄-၂၀၁၅ မှာ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲဆိုတဲ့
အချက်ပေါ် မူတည်ပါတယ် Political Opening အဆင့်မှာ နိုင်ငံတကာ အတွေ့အကြုံအရ
မငြိမ်ပါဘူး။ အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတော့
၂၀၁၄-၂၀၁၅ မှာ အေးအေးညောင်း ညောင်းဖြစ်မှ အလားအလာကောင်းတဲ့
ရှုမျှောင်ခင်းဖြစ်မယ်။ အဲဒီလိုမဟုတ်ဘဲ Political Opening အဆင့်မှာ
အကြောင်းကြောင်းကြောင့် နောက်ပြန်ဆုတ်သွားရင် နောက်ထပ် ရှုမျှော်ခင်းတစ်ခု
ထပ်ဖြစ်သွားနိုင်တယ်။ အခုအချိန်က အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုရဲ့ အစကို
ရောက်နေပြီး။ အရင်က တပ်မတော်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့
နှစ်ကိုယ် တစ်စိတ်ဖြစ်ခဲ့တယ်။ ဒီနေ့ ပြည်ခိုင်ဖြိုးအဖွဲ့မှာ တပ်မတော်က
ခေါင်းဆောင်တွေပါနေတော့ တော်တော်များများက တပ်မတော်ဟာ ပြည်ခိုင်ဖြိုးဘက်မှာ
ရှိနေတယ်လို့ မြင်ကြတယ်။ လွှတ်တော်ထဲရောက်သွားတော့ အဲဒီဟာကို
ကျွန်တော်သတိထားမိတယ်။ မဲပေးတဲ့ အခြေအနေကို ကြည့်ရင် တပ်မတော်ဟာ USDP
အပါအဝင် ဘယ်ပါတီဘက်နဲ့မှ ပတ်သက်မှု မရှိတာကို တွေ့ရတယ်။ သူ့ဟာသူ
လွတ်လွတ်လပ်လပ်ရပ်တည်နေတာကို တွေ့ရတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့
အချက်တစ်ခုဖြစ်တယ်။ သို့သော် တပ်မတော်ဟာ နိုင်ငံရေးက အပြီး အပိုင်
ဆုတ်ခွာသွားဖို့တော့ ခက်တယ်။ အချိန်ကာလတစ်ခုတော့ ယူရဦးမယ်ထင်တယ်။
လောလောဆယ် အခြေအနေကိုကြည့်ရင် သူတို့ကိုယ်တိုင် အာဏာသိမ်းချင်တဲ့သဘော
မရှိဘူး။ အဲဒါဟာ သေချာသလောက်ပဲ။ သို့သော် အာဏာမသိမ်းတော့ဘူးလို့ ယတိပြတ်
ဆုံးဖြတ်ချက်တော့ မရှိဘူး။ လက်ရှိ Constitution ကတစ်ဆင့် အာဏာသိမ်းလို့
ရအောင် လုပ်ထားတယ်။ သိမ်းခဲ့ရင်လည်း ၆၂ ကပုံစံမျိုးတော့ မဖြစ်လောက်ဘူး။
ဖြစ်မှဖြစ် ၅၈ က ပုံစံမျိုးပဲဖြစ်မယ်။ လွှတ်တော်ဖျက်မယ် မထင်ဘူး။
ကာလသက်တမ်းကြရင် Constitution ကတော့ နှစ်နှစ်သိမ်းခွင့်ပြုဟန်တူတယ်။
သူတို့ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်။ ကျွန်တော် ကတော့ အဲဒါကို
မဖြစ်စေချင်ဘူး။ အဲဒီလိုလုပ်လိုက်ရင် နောက်တက်မယ့် အစိုးရဟာ တစ်က
ပြန်စရတော့မယ်။ အများကြီး နောက်ဆုတ်သွားပြီ။ နောက်တစ်ချက်က တပ်နဲ့လူထုအကြား
ယိုယွင်းနေတဲ့ ယုံကြည်မှုဟာ ပိုဆိုးသွားမယ်။ ဒါကြောင့် အဲဒါတွေမဖြစ်ဘဲ
အေးအေး ညောင်းညောင်း ဖြတ်သန်းသွားနိုင်ရင်တော့ ၂၀၁၆ ဟာ ပိုကောင်းတဲ့
အလားအလာ ရှုမျှော်ခင်းတစ်ခုကို မြင်ရမယ်လို့ထင်တယ်။ အဲဒီလို မဟုတ်ဘဲ
ကြားထဲမှာ ဝမ်းနည်းစရာနဲ့ ကြုံလာရင်တော့ အဲဒီရှုမျှော်ခင်းက သိပ်ကောင်းလှမယ်
မထင်ဘူး။ YMG- ဆရာပြောတဲ့အထဲမှာ နောက်ကြောင်းပြန်လှည့်မယ့်ကိစ္စနဲ့
တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်လို့မြင်တယ်။ တပ်မတော်ဟာ
အကူးအပြောင်းရဲ့ ကနဦးကာလမှာပါနေတယ်။ ကျွန်တော်သိချင်တာက မည်ကဲ့သိုသော
အကြောင်းအရာများက ကျွန်တော်တို့နိုင်ငံကို
နောက်ကြောင်းပြန်လှည့်သွားစေနိုင်သလဲဆိုတာ နည်းနည်းလေး
သုံးသပ်ပေးပါဦး။KW- လောလောဆယ် တပ်မတော်ရဲ့ ရပ်တည်ချက်က
တို့တာဝန်အရေးသုံးပါး၊ နောက် စတုတ္ထတစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ
ကာကွယ်ရေးပေါ့။ ဒီလေးခုကို မထိပါးသရွေ့ တပ်မတော်က ကြားမှာနေမယ့်
သဘောရှိတယ်။ ဒီအနေအထားတစ်ခုကို ၂၀၁၅ခုနှစ် မတိုင်ခင်အထိ
ထိန်းထိန်းသိမ်းသိမ်းသွားနိုင်ရင် ကောင်းတယ်။ ဒီ Limit ထဲမှာပဲ ကစားရင်
ကောင်းမယ်။ သို့သော် ဒီ Limit ဟာ တစ်သက်လုံးသွားလို့မရဘူး။ တဖြည်းဖြည်းနဲ့
ဒါတွေကို လျှော့သွားရမယ်။ ဖွံ့ဖြိုးပြီးသား နိုင်ငံမှာ တပ်ရဲ့
ဆုတ်ခွာရေးဖြစ်စဉ်ဟာ နှစ်ချက်ပဲရှိတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးခါစက Political
Organ ကနေ Politisiam Organ ကိုပြောင်းတယ်။ သို့သော်
ပြည်တွင်းစစ်တန်းလန်းနဲ့ ကျွန်တော်တို့လိုနိုင်ငံမှာတော့
ကြားခံတစ်ခုလိုတယ်။ Political Organ to Semi Politisam ပြီးမှ Politiciam
Organ ကို သွားရတယ်။ Semi Politisam Organ က ကာကွယ်ရေးနဲ့
လုံခြုံရေးတာဝန်ကို ယူထားရတယ်။ ပြည်ပရန် မရှိတော့ရင်
နိုင်ငံရေးထဲမှာမပါရတော့ဘူး။ ကြားထဲမှာ ဝမ်းသာစရာကောင်းတာက
ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နှစ်နေရာမှာ ပြောခဲ့တာရှိတယ်။ ထိုင်းမှာ
တစ်ခါ၊ စင်ကာပူမှာ တစ်ခါ။ ကျွန်တော်တို့ တဖြည်းဖြည်းချင်းလျှော့သွားမယ်လို့
ပြောခဲ့တာရှိတော့ ကျွန်တော်တို့ အတွက် အားတက်စရာပဲ။ ဒီအနေအထားကိုကြည့်ပြီး
တစ်ဖက်က လက်ရှိ ရှိနေတဲ့ ကန့်သတ် ဘောင်ထဲမှာ
ပါးပါးနပ်နပ်ကစားတတ်ဖို့လိုပါတယ်။ အဲဒီ အကန့်အသတ်ကိုလည်း ချဲ့ထွင်နိုင် ရေး
လည်း လုပ်ရပါမယ်။ လာရီးဒိုင်းမွန်းက အကြံပေးထားတာ နှစ်ခုရှိပါတယ်။ ၂၀၁၅
ရွေးကောက်ပွဲ ပြေပြေလည်လည်ဖြစ်ဖို့ဆိုရင် ဒီမိုကရက်တစ်အင်အားစု ထဲက radical
မကျတဲ့ moderate တွေနဲ့ အရင်အစိုးရထဲက Heard Liner မဟုတ်တဲ့ reformer တွေ။
အဲဒီ moderate နဲ့ reformer တွေကြားထဲမှာ နိုင်ငံရေး ပဋိညာဉ်တစ်ခု
ရဖို့လိုတယ်။ ဒုတိယ အချက်တစ်ခုက ၂၀၁၅ရွေးကောက်ပွဲမှာ Free and Fair
ဖြစ်လို့ bi-election အတွေ့အကြုံ ကိုယူပြီး NLD က Landslide နိုင်သွားရင်
တစ်ဖက်က တပ်မတော်ရဲ့ စိုးရိမ်သောက တွေ ကြောင့်
၉၀ပြည့်နှစ်ရွေးကောက်ပွဲလိုမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ PR
စနစ်လုပ်ကြည့် ပါလို့ သူက အကြံပေးတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်
ဦးတင်အေးက PR စနစ်ကို အကောင်အထည်ဖော်ချင်ရင် ၂၀၁၃အတွင်းအပြီးလုပ်ပါလို့
ပြောထားတာရှိတော့ PR ကို ကျင့်သုံးဖို့ ဖြစ်မလာနိုင်တော့ဘူး။ ဒီနေရာမှာ PR
ကို ကျွန်တော်တို့ ထောက်ခံချင်လို့ မဟုတ်ပါဘူး။YMG- အခုပါတီတွေ
တော်တော်များလာတယ်။ ပါတီတိုင်းလိုလိုဟာလည်း ဒီမိုကရေစီဆိုတဲ့ စကားလုံးပါတဲ့
ပါတီတွေ တွေ့ရတယ်။ ကွန်မြူနစ်ဆိုတဲ့စကားလုံးကို ဘယ်သူမှ မတပ်ဘူး။ သို့
သော် တချို့တွေက ဒီမိုကရေစီနာမည်ခံသော်ငြားလည်း တွေးခေါ်တာ၊ လုပ်ကိုင်တာ
အားလုံး ဟာ လက်ဝဲပုံစံနဲ့ သွားနေတာမျိုးရှိတယ်။KW - ဒါကြောင့်
ကျွန်တော်တို့ဟာ လစ်ဘရယ် Culture ထွန်းကားဖို့၊ လစ်ဘရယ် ဒီမိုကရေ စီ
ထွန်းကားဖို့ လိုတယ်။ Democrative way of thinking ထွန်းကားဖို့လိုတယ်။
ဒါကြောင့် နှစ်ဖက်တာဝန်ရှိတဲ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုတာက
ထိန်းထိန်းသိမ်းသိမ်း သွားကြ ဖို့၊ အချုပ်ပြောရရင် ၁၉၆၀ ပြည့်နှစ်လောက်
အခုပုံစံ ဆန်ဆန်ဖြစ်ဖူးတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့လည်းပတ်သက်တယ်။
လူမျိုးစုပြဿနာနဲ့လည်း ပတ်သက်တယ်။ ဗုဒ္ဓဘာသာ
နိုင်ငံတော်ဘာသာပြဌာန်းရေးနဲ့လည်း ပတ်သက်တယ်။ ဦးနုကပြောဖူးတာရှိတယ်။
တောင်း တဲ့ ပြည်သူလူထုဘက်က (အတိုက်အခံလက်နက်ကိုင်အင်အားစုဘက်က) တောင်းပါ။
ဒီမို ကရေစီဟာ တောင်းခွင့်ရှိပါတယ်။ သို့သော် တစ်ခု သတိထားဖို့က "ရ ရင် ရ၊
မရ ရင် ချ" မယ် ဆိုတဲ့ စိတ်မျိုးတော့ မထားပါနဲ့။ ကျုပ်တို့ အစိုးရကလည်း
မင်းတို့ချရင် တို့ပြန်ချမယ်ဆိုတာ မလုပ်တော့ဘူးတဲ့။ ဒါကြောင့်
တောင်းတဲ့လူကတောင်းကြပါ။ တောင်းခွင့်မရှိဘူးလို့ ကျွန် တော် မပြောပါဘူး။
သို့သော် တောင်းပါ။ မရ ရင် မချကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။ရန်ကုန်တိုင်းမ်
ဂျာနယ် အတွဲ(၁၀) အမှတ်(၆)ပါ "စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း"
မှာ ကောက်နှုတ်ကူးယူဖော်ပြသည်
Labels
- advocacy (12)
- art (12)
- beyon the white and black (1)
- book (1)
- c. o (8)
- Children (2)
- childrens (5)
- civic education (10)
- Civil education (6)
- Civili education (1)
- Education (5)
- In yangon (2)
- l am myanmar (1)
- mandalay (1)
- photo festival (1)
- poem (2)
- poen (1)
- polatics (5)
- Political (11)
- Politics (6)
- twine water (1)
- ygn (1)
- ကျန်းမာရေး (1)
- စီမံခန့်ခွဲ (1)
- နည်းပညာ (1)
- နိုင်ငံရေး (1)
- မန်းလေး (1)
- လူမှုရေး (1)
- အသံဖိုင် (1)
- မေတ္တာလွင်ပြင် (1)
Powered by Blogger.
Popular Posts
-
အလောင်းမင်းတရားနှင့် ရွှေဘို ==================== မြန်မာနိုင်ငံ၏ သမိုင်းစဉ် အလောင်းမင်းတရားနှင့် ရွှေဘို ==================== မြန်မာနိုင်င...
-
့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်း ၃ခု အတည်ပြုလိုက်ပြီး ဥပဒေကြမ်းတခုကိုတော့ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံ အမျ...
-
အလောင်းမင်းတရားနှင့် ရွှေဘို ==================== မြန်မာနိုင်ငံ၏ သမိုင်းစဉ် အလောင်းမင်းတရားနှင့် ရွှေဘို ==================== မြန်မာနိုင်င...
-
ရွှေကောက်ပွဲ အလွန် မြန်မာ နိုင်ငံရေး မျှော်ကြည့်ခြင်း (စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း) YMG- မင်္ဂလာပါဆရာ၊ မကြာမီကာလ ၂၀၁၅ခုနှစ်မှာေ...
-
ဘာသာရေး၊ လူမှုရေးဆိုင်ရာ ဥပဒေလေးခု အစိုးရ၀န်ကြီးဌာနများ ပြုစုရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ဥာဏ်လှိုင်လင်း| ကြာသာပတေးနေ့၊ ဖေဖော်ဝါရီလ ၂၇ရက်၊ ...
-
အခြေခံပညာအထက်တန်းပြီးသူများ မကာအို အစိုးရ တက္ကသိုလ်များသို့ လျှောက်ထားနိုင် မန်မာနိုင်ငံအတွင်းရှိ အထက်တန်းကျောင်းပြီးသူများနှင့် ကောလိပ်ကျော...
-
#လူထုပညာရေးက လူတစုအတွက်လား# လူထုပညာရေးကို လူတစုက သာတနေရာတည်းစုထားပြီ ပိုင်ဆိုင်ခြင်သောအခါ ပညာရေးက ဘယ်သူအတွက်ပါလိမ် နိုင်ငံအခြေအနေက ဆင်...
-
ပတ်ဝန်းကျင်အား လျှပ်စစ်ကဝန်ထမ်းတွေ အကြမ်းဖတ်လိုက်ခြင်း ၂၄/ဇွန်/၂၀၁၅ မီးတိုင်များလမ်းပိတ်ထားခြင်း မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် သံလျက...
-
မန်းလေးကျောက်ဝိုင်းကလေးများသည် အရင်က စွန့်ပစ်အရာများကို ကောက်ယူကြသောလည် အခုတော့လက်ထဲတွင် တူးဆွကုတ်ခြစ်စရာ တံစဉ် များဖြင့် ကျောက်စိမ်းများကို...
-
မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဒေသန္တရ စီမံကိန်း ဥပဒေ အပါအဝင် ဥပဒေ ခြောက်ခု အတည်ပြုမည်မန္တလေး၊ မတ် ၁၀ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် နဝမ...
Tags
- advocacy
- art
- beyon the white and black
- book
- c. o
- Children
- childrens
- civic education
- Civil education
- Civili education
- Education
- In yangon
- l am myanmar
- mandalay
- photo festival
- poem
- poen
- polatics
- Political
- Politics
- twine water
- ygn
- ကျန်းမာရေး
- စီမံခန့်ခွဲ
- နည်းပညာ
- နိုင်ငံရေး
- မန်းလေး
- လူမှုရေး
- အသံဖိုင်
- မေတ္တာလွင်ပြင်
Labels
advocacy
art
beyon the white and black
book
c. o
Children
childrens
civic education
Civil education
Civili education
Education
In yangon
l am myanmar
mandalay
photo festival
poem
poen
polatics
Political
Politics
twine water
ygn
ကျန်းမာရေး
စီမံခန့်ခွဲ
နည်းပညာ
နိုင်ငံရေး
မန်းလေး
လူမှုရေး
အသံဖိုင်
မေတ္တာလွင်ပြင်
Recent Posts
Trend Tags
- advocacy
- art
- beyon the white and black
- book
- c. o
- Children
- childrens
- civic education
- Civil education
- Civili education
- Education
- In yangon
- l am myanmar
- mandalay
- photo festival
- poem
- poen
- polatics
- Political
- Politics
- twine water
- ygn
- ကျန်းမာရေး
- စီမံခန့်ခွဲ
- နည်းပညာ
- နိုင်ငံရေး
- မန်းလေး
- လူမှုရေး
- အသံဖိုင်
- မေတ္တာလွင်ပြင်
0 comments
Post a Comment