Saturday, May 9, 2020

မိတ်ဆွေကောင်းတို့ ဝမ်းမြှောက်ဖွယ်
peaceoftrustSaturday, May 9, 2020 0 comments

"မိတ်ဆွေကောင်းများဝမ်းမြောက်ဖွယ်"
---------++----------
၈ ရက် မေလ ၂0၂0

- ကျနော်တို့ ဒစ်ဂျစ်တယ် ခေတ်ကို ‌မမျှော်လင့်ပဲ မကြိုဆိုရပဲရောက်လာခဲ့ပါပြီ၊ဆိုရှယ်မီဒီယာလည်း အရေးပါအရာရောက်ခဲ့ပါပြီ၊ကောင်းစွာအကျိုးရှိရှိ၊အသုံးချတက်ဖို့ ပြင်ဆင်ကြပါလို့ ပြောလိုပါတယ်၊၊
- ပထမ အနေ နဲ့ ပြောချင်တာက    #ကျေးဇူးတင်စကားဖြစ်ပါတယ်၊
ဆိုရှယ်မီဒီယာကို အသုံးပြုပြီး၊ဆွေးနွေးချက်တွေ၊အစီအစဉ်တွေ ၊ဆုငွေတွေကို ဂုဏ်ပြုပေးတဲ့အဖွဲ့အစည်းပါ။
#Renaissancelnstitution အဖွဲ့အစည်းက ဖေ့ဘုပ်ကိုအသုံးပြုပြီး၊မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်ရေးမူဝါဒစစ်တမ်းတွေကို ဆွေးနွေးဖိတ်ခေါ်တဲ့အကြံပြုချက်အစီအစဉ်ဖြစ်ပါတယ်။အကောင်းဆုံး ဖြစ်အောင် ဆွေးနွေးထားတဲ့ စာကို ဂုဏ်ပြုဆု ချီးမြင့်ငွေ မြန်မာကျပ် သုံးသိန်း ပေးပါတယ်၊ကျနော်သည် မူဝါဒတစ်စောင် ‌ဆွေးနွေးပါတယ် ၊ပိုက်ဆံတကယ်ရပါတယ်,#RenaissanceInstitution အဖွဲ့ကို ပထမ ကျေးဇူးတင်ပါတယ်၊
- မူဝါဒ စာတမ်း (၁၁ )ဆယ့်တစ်စောင် ရှိပါတယ်။
အုပ်ချုပ်‌ရေး
ဘဏ္ဍာရေး
အသုံးစရိတ်
စီမံခန့်ခွဲ မှု
အခွန်ပေးဆောင် မှု
မြို့ပြ ဝန်ဆောင်မှု
ကျားမ တန်းတူရေး
စွန့်ပစ်အမှိုက်
သယ်ယူပို့ဆောင်ရေး
ပြည်နယ် / တိုင်းဒေသကြီးအရ ပြော ရမယ်ဆိုရင်
မန္တလေးတိုင်း ဒေသကြီး
ရှမ်းပြည်နယ်
ရန်ကုန် တိုင်းဒေသကြီး တွေပါဝင်ပါတယ်။စုစုပေါင်းဆယ့်တစ်စောင် ရှိပါတယ်။
ကျနော် ဆွေးနွေးပေးလိုက်တဲ့အကြောင်းအရာ ခေါင်းစဉ်းကတော့ #မန္တလေးတိုင်းဒေသကြီးမြိုပြသယ်ယူပို့ဆောင်ရေးစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းခြင်းဆိုတဲ့   ခေါင်းစဉ် ပဲဖြစ်ပါတယ်။‌
#ခြေဆင်း
Covid-19 ကပ်ရောဂါ  ဖြစ်နေစဉ်အတွင်း မန္တလေးတိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ယဉ်လိုင်းများကို ၂ ဆ တိုးမြင့်ကောက်ခံပြီး ခရီးသည် လျော့တင်တဲ့အစီအစဉ် ကို ၂၈ ရက် မတ်လ ၂0၂0 ပြည့်နှစ်မှာ ထုတ်ပြန်ပါတယ် ၊ဒေသန္တာရ အမိန့်တစ်ခု ထုတ်ပြန်ကြေငြာပါတယ်။
အမိန့်ထုတ်ပြန်ချက် ဒီမှာကြည့်ပါ။https://m.facebook.com/story.php?story_fbid=3171332432929175&id=100001573474132

အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး ကျနော်က အခြေခံလူတန်းစား ၊လက်လုပ်လက်စားတွေဘက်ကရပ်တည်ပြီး ဆွေးနွေးပါတယ်။
ဧရာဝတီ သတင်းဌာန မှ ဖော်ပြထားပါတယ် ဒီမှာ ဖတ်ကြည့်ပါ။https://m.facebook.com/story.php?story_fbid=2575686802647127&id=1476917375857414

အခုလို့ ဆွေးနွေးထားချက်အပေါ်မှာ လည်း တချို့သော လူတွေက အယူအ‌ဆ မတူညီတဲ့အတွက် အဆွဲ၊အယူ၊ အတွန်း၊အတိုက် ပုံစံနဲ့ ပြန်လည် ရေးသားကြပါတယ်။အထူးသဖြင့် လက်ရှိ လွတ်တော်ကိုယ်စားလှယ်တော်ကြီးများကြားမှာ သဘောမတွေ့စရာ အခု၊အခံ  ဖြစ်စေပါတယ်။ဆွေးနွေးတယ် ဆိုတာ အပြစ်ပြောတာမဟုတ်ပါ သုံးသပ်စဉ်းစားစေချင်လို့ မှတ်ချက်ပြု ပြောလိုရင်းဖြစ်ပါသည်။
မန္တလေးမြို့ သေဆုံးခြင်းသည်၊ကျနော် သေဆုံးခြင်း ဖြစ်သလို့ မန္တလေး ကျဆုံးခြင်းသည် လည်း ကျနော်ကျဆုံးခြင်းဖြစ်ပါတယ်။မန္တလေး မြို့ကို သူတို့ အကောင်းဆုံး လုပ်နိုင်သလို့ ကျနော် တို့ လည်း လုပ်နိုင်တာပါပဲ ။နိုင်ငံချစ်တဲ့သူတိုင်း၊မြို့ကို ချစ်တဲ့ လူတိုင်း ဖွံဖြိုးတိုးတက်ဖို့ လုပ်နိုင်ပါတယ်။ဒီနေရာမှာ တော့ လုပ်နည်း၊လုပ်ဟန်၊ လုပ်တဲ့ပုံစံ ကွားခြားနိုင်ပါတယ်။အသုံးပြုရတဲ့ ငွေကြေး၊နေရာ၊အချိန်၊အာဏာ၊ အလိုက် ကွာခြားချက် ဖြစ်နိုင်ပါတယ်။
  #ပီတိဆိုတာတကယ်လား
     ပြည်တွင်း အဖွဲ့အစည်း တော်တော်များကို စေတနာ၊ဝါသနာ၊အနစ်နာ ဖြင့် အကြံပေး၊သင်တန်းပေး၊သင်တန်းယူ လုပ်ပေးဖူးပါတယ်၊မေတ္တာ၊စေတနာ၊ဂရုဏာ၊မုဒိတာ၊ ဥပက္ခာ ၊ပီတိ  ခံစားရပါတယ်။လုပ်ငန်းသဘာဝအရ ငွေကြေး ပံပိုးပေးမှု မရရှိခဲ့ပါဖူး၊ဘယ်အဖွဲ့အစည်း ဆီကမှ နေတွက် ကြေးမရရှိခဲ့သလို့ တောင်းလဲမတောင်းခဲ့ပါဘူး။
တကယ် ရပြီ
    ယခု အဖွဲ့အစည်းကတော့ ကြေငြာကတည်းကို က သုံးသိန်းဆိုတဲ့ မတ်လုံး ပါ တယ်။ဒီမိုကရေစီမှာ မတ်လုံး သည် လည်းအရေးကြီးပါတယ်၊တွန်းအားတခု ဖြစ်စေပါတယ်။အပြန်အလှန် လေးစား ယုံကြည်လို့၊
-သက်ဆိုင်ရာဒေသက ပြည်သူအများ ပါဝင်စေချင်လို့၊
- မူဝါဒတခုကို အများပြည်သူနဲ့ထိတွေ ပြီး၊ဝိုင်းဝန်းဆွေးနွေးတဲ့ပုံစံကို နမူနာပြပေးချင်လို့၊
- ပြည်သူတွေ နိုင်ငံသားတွေ ပါဝင်ရေးဆွဲထားတဲ့ မူဝါဒအဖြစ် ခံစားစေချင်လို့၊
- ငါတို့ပါဝင်ရေးဆွဲထားတဲ့ မူဝါဒလမ်းစဉ်ပဲ ငါတို့ပါဝင်ရမယ်ဆိုပြီး -အစိုးရချည်းပဲသက်သက် လုပ်ထားတဲ့မူဝါဒမဟုတ်ဘူး
- ငါတို့ဆိုတဲ့ အများပါဝင်ခွင့် ကို ခံစားရနိုင်စေလို့တယ် လို့ သုံးသပ်မိပါတယ်၊ယူဆမိပါတယ်။အများနဲ့သက်ဆိုင်တဲ့မူဝါဒတခုကို အများသိအောင် လုပ်ပေးပြီး အများပါဝင်စေဖို့၊မခက်ခဲအောင်၊အစီအစဉ်ကျအောင် ၊ရေးဆွဲတဲ့ မူဝါဒ များသည် အောင်မြင်ပါသည်။( ဥပမာ) ကြက်ဆူ စိုက်ခင်း၊မြစ်ဆုံ‌ဆည်၊လက်ပံတောင်းတောင်၊အောင်သပြေ၊ စသည် စီမကိန်းမူဝါဒများ သည် အများပြည်သူမသိရပဲ ရေးဆွဲထားသောမူဝါဒများဖြစ်ပါသည်။
#သဘောတူ၊မျှယူ၊
   အမှန်တကယ် လည်း ယခု အဖွဲ့အစည်းလို့ အသက်မွှေဝမ်းကြောင်းအဖြစ် ဆုကြေးငွေ ချီးမြင့်ပေးတာ မျိုးကို  သဘောတူပါတယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလ မှာ အခုလို #RenaissanceInstitution အဖွဲ့ပုံစံမျိုး များများ စားစား မြန်မာ နိုင်ငံမှာ ရှိသင့်ပါတယ်။
     - နိုင်ငံတကာက အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊အကျိုးအမြတ်မယူသော အဖွဲအစည်းတွေက စစ်တမ်းတွေ၊မူဝါဒတွေ ၊ဆွေးနွေးပွဲတွေ တက်ရောက်ဖူးပါတယ်၊ဟိုတယ်ကြီးတွေ ပေါ်မှာ ၊အကောင်းစားတွေစား၊ပါးစပ်ကအမြုပ်တွေထွက်အောင်ဆွေးနွေး၊ရေသန့်သောက်ပြီး ပြန်လာကြရတာပါ။ အစကတော့မယုံခဲ့ပါဘူး၊‌ပိုက်ဆံသုံးသိန်းရပါ‌ စေတော့လို့ရည်ရွယ်ပြီး မရေးခဲ့ပါဘူး၊မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ၂ ယောက်တိုင်ပင်ပြီး ရေးခဲ့ပါတယ်၊ဂုဏ်ပြုဆု ငွေကြေးရခဲ့ရင် ခွဲဝေကြမယ်လို့လဲ ကတိထားခဲ့ပါတယ်။ကျနော်‌  ဆွေနွေးအကြံပြု၊မှတ်ချက်၊ရေးတဲ့ မန္တလေးမြို့ မြိုပြသယ်ယူပို့ဆောင်ရေးစိန်‌‌ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခြင်း ဆွေးနွေးခြင်းကို ဒီမှာhttps://www.facebook.com/583190091866601/posts/1284379205081016/ ဖတ်လို့ရပါတယ်။
- ဒီ‌နေရာမှာ အလျင်သင်လို့ ပြောပါရစေ။ရရှိတဲ့ဂုဏ်ပြုဆုငွေကြေးကို #publicaffairsmandalay အတွက် #brotherprinter တလုံးဝယ်ယူလျုဒါန်းသွားမယ် ဆိုတာကိုလည်း အသိပေးလိုပါတယ်။
    #အချိန်ပိုပေးပါ၊
       ဒစ်ဂျစ်တယ် ခေတ် လိုင်းလုံးကြီးတွေက နော်တို့ကို ဖြတ်ကျော်နေပါပြီး ၊ဆိုရှယ်မီဒီယာ ပေါ်မှာပဲ အချိန်ကုန်နေကြတဲ့
ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ၊ညီမလေး၊ညီလေးများကို လည်း နိုင်ငံအတွက်၊ဒေသအတွက်၊ မိမိအတွက်၊အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေကို ပိုပြီးအချိန်ပေးပါလို့ ဆိုခြင်းပါတယ်။
ကျနော့်ရဲ့ ကိုယ်ပိုင်ဘလော့ မှာလည်းဖတ်လို့ရပါတယ် ။အစမှအဆုံးကို  ဒီမှာ ဖတ်ပါ မန္တလေးတိုင်း‌  ဒေသကြီး မြို့ပြ သယ်ယူပို့‌  ဆောင်ရေး စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခြင်း https://m.facebook.com/story.php?story_fbid=3220609658001452&id=100001573474132

-#ရိုးရာဧည့်ခံစရာ
    ကျနော့်မိတ်ဆွေ ကောင်းတွေကို တော့ ဗမာ့ ရိုးရာ အစာအစား တွေ နဲ့ ဧည့်ခံသွားဖို့ အစီအစဥ်လည်း ထည့်သွင်းထားပါတယ်၊  post Covid-19 အလွန်အချိန်  ရောက်ရင် ပျော်‌  ပျော်ရွှင်ရွှင် ဆုံတွေ့ကြပြီး လက်ဖတ် သုပ် နှင့်ရေနွေးကြမ်း ဧည့်ခံ ဂုဏ်ပြုပေးဖို့လည်းစီစဉ်ထားပါတယ်၊တချို့သောမိတ်ဆွေ‌  ကောင်းတွေကိုတော့ တောင်းဆိုချက်အရ ကချင် ရိုးရာနဲ့ ဧည့်ခံသွားမယ်ဆိုတာလည်းအသိ‌  ပေးပါရစေ၊မိတ်ဆွေ ကောင်းများကို လေးစားတန်ဖိုးထားပါသည်။
--ယခုစာကို ကြွားဝါ လိုခြင်း၊ဂုဏ်ဖော်လို့ခြင်း၊အပြစ်တင်လိုခြင်း၊အနှောက်အယှက် ပေးလိုခြင်မရှိပါ။ မိတ်ဆွေ ကောင်းများကို Covid-19 အလွန် ကာလတွင် ပြန်လည် ဆုံစည်းလိုချင်းသည် လိုရင်းဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
  -- ကျနော်သည် အစိုးရဝန်ထမ်းမဟုတ်ပါ၊ဏုမ္ပဏီဝန်ထမ်းလည်း မဟုတ်ပါ၊လက်လုပ် လက်စား၊အခြေခံလူတန်းစား၊အမျိုးသား ၊အရပ်ဖတ်အဖွဲ့အစည်း၊စေတနာ ဝန်ထမ်း တယောက်ပါ၊ကိုယ်ပိုင် လုပ်ငန်းဖြင့် သမာအာဇီဝ ၊ရိုးသားစွာ လုပ်ကိုင်သူတယောက်ဖြစ်ကြောင်း မိတ်ဆွေကောင်းများကို အာမခံပါသည်။
   **  ပစ္စည်း ရှစ်မျိုး ဆိုတာလည်း အခုချိန်ထိတခါမှ ၊မရသေးပါကြောင့် တင်ပြလိုက်ရပါသည်။
#မျှဝေပါ
#နှစ်သက်ပါ
#ကြိုက်ပါ
#ဝေဖန်ပါ
#သုံးသပ်ပါ
#ဆင်ခြင်

In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment