မန္တလေး တိုင်းဒေသကြီး မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ် ကို သုံးသပ် ဝေဖန် တဲ့နေရာ မှာ အပြုသဘောဆောင်ပြီး ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီးရေးသားတယ်ဆိုတာ နားလည်စေချင်ပါတယ်။
စာတမ်းရဲ့ အကြံပြုထားတဲ့ အစိအစဥ်တွေ ထဲဆောင်ရွတ်ရမဲ့ လုပ်ငန်းစဥ် ၂ ခု ကို သဘောတူလက်ခံတယ်လို့ ပထမဆုံး ပြောချင်ပါတယ်၊ပြုပြင်ပြောင်းလဲရေးအရ( ၁)မန္တလေးတိုင်းဒေသကြီး၊သယ်ယူပို့ဆောင်ရေး၊အာဏာပိုင် အဖွဲ့ အသစ်တစ်ခု ကိုဖွဲစည်းခြင်း၊(၂)မန္တလေးတိုင်းဒေသကြီး မြို့ပြသယ်ယူပို့ဆောင်ရေး၊မဟာဗျုဟာ တစ်ခု ရေးဆွဲအကောင်းအထည်ဖော်ြခင်းတို့သည် မဖြစ်မနေ လုပ်ဆောင်ရမယ့်အပိုင်းများဖြစ်ကြပါတယ်။
ဖြစ်နိုင်ချေရှိသော နောက်အဆင့်များ ၅ ဆင့်ထဲမှ စတုတ္ထအဆင့်ဖြစ်တဲ့၊ကဏ္ဍစုံ မှပါဝင်ပတ်သက်သူများနှင့်ကျယ်ပြန့်စွာ ဆွေးနွေးတိုင်ပင် ခြင်းကို ဆောင်ရွတ်ပြီးမှသာ လျင် မြိုပြသယ်ယူပို့ဆောင်ရေး၊မဟာဗျုဟာ စီမံကိန်းကို ထုတ်ပြန်ရန်ဆိုတဲ့ အချက်ကို သဘောကျတယ် ၊ဖြစ်ရမယ်။ဒီအပိုင်းကနေ ဆက်လက်ရေးသားပါဝင်ဆွေးနွေးပါမယ်။
အပိုင်း (၁)အဝေးပြေး ယဥ်လိုင်းစခန်းများ နှင့် ယဥ်များ စည်းကမ်းတကျ ဝန်ဆောင်မှု ပေးရန်
မန္တလေးတိုင်းဒေသကြီးနှင့် ထိစပ်နေသော တိုင်းဒေသကြီး နှင့် ပြည်နယ် များ က လာသော အဝေးပြေးကားများကို ပထဝီအနေထားရ ယဥ်ရပ်နားစခန်းများ တည်ဆောက်ရပ်နားစေချင်၊
စစ်ကိုင်းတိုင်းဒေသကြီးမှ လာသော ခရီသည်တင်ကား ၊ကုန်ပစ္စည်းတင်ကားများကို သီရီမန္တလာ ကားကြီးဝင်းတွင် လည်းကောင်း၊ရှမ်းပြည်နယ်ဘက်ကဝင်လာသော ကားများကို ၊ဒေါန ဘွားကားကြီးဝင်းတွင်လည်းကောင်း၊ပဲခူးတိုင်း ဘက်က ဝင်လာသော ယဥ်များကို ၊ချမ်းမြရွှေပြည် ကားဝန်းတွင်လည်းကောင်း ဝင်ရောက်ရပ်နားစေကာ၊ခရီးသည်၊ကုန်ပစ္စည်းများကိုလည်း မြို့တွင်းသို့ မဝင်စေပဲ ကားဝင်းမှ တဆင့် ခေါက်တို ပြေးကားများဖြင့်လည်းကောင်း၊အများသုံး ဘက်စ်လိုင်းကားများ၊အဌားဆိုင်ကယ်များ(cycle taxi)အဌားသုံးဘီး(mini oway)များ ဖြင့် ဆက်လက်ကာ သွားလိုရာသို့ ပို့ဆောင်နိုင်ပါသည်။
(က) ယဥ်ကြောပိတ်ဆိုခြင် ကာကွယ်နိုင်ခြင်း၊
(ခ)၊ကာဗွန်ဒိုင်ဆောက် မီးခိုးထွက်သက်သာသဖြင့် လေထုညစ်ညမ်းမှု မရှိခြင်း
(ဂ)၊အဌားယဥ်မောင်းများ အလုပ်အကိုင်ရရှိသဖြင့် ဝင်ငွေတိုးလာခြင်း၊တို့ ခံစားရရှိနိုင်ပါသည်။
စိန်ခေါ်မှုအနေဖြင့် လက်ရှိ ကားကြီးဝင်း များသည် ကျဥ်းမြောင်းသဖြင့် နေရာအသစ်တခု ရွေ့မလား တိုးချဲမလား ၊တခုခုကို ရွေးချယ်ရနိုင်မှအဆင်ပြေနိုင်မယ်လို့ယူဆပါတယ်၊
အပိုင်း (၂ )အဌားယဥ်လိုင်းများ၊
မြို့တွင်းသွား ခရီးသည်၊များကို ကားကြီးဝင်းများဖြင့်ချိတ်ဆက်ကာ ၊ခရီးသည်များအဆင်ပြေစေရေးအတွက် ၊အများသုံးဘက်စ်လိုင်းကားများ၊ဆိုင်ကယ်ဖြင့် ပို့ဆောင်ကြသူများ၊သုံးဘီးဆိုင်ကယ်ဖြင့် သယ်ယူပို့ဆောင်ရေး၊ဝန်ဆောင်မှုများကို ကားကြီးဝင်များနှင့် အနီးဆုံး လွယ်ကူသော နေရာတွင် မှတ်တိုင်များ ထားခြင်း၊ဝန်ဆောင်မှု ဂိတ်များဖွင့်လှစ်ပေးခြင်းများလုပ်ပေးသင့်ပါသည်။အစိုးရ ဝင်ငွေ အဖြစ် ဆိုင်ကယ် ကယ်ရီသမားများကို ကားများအတိုင်းဆိုင်ကယ် နံပါတ်ပြား များကို နံပါတ်အနီ ထုတ်ပေးပြီး သက်ဆိုင်ရာ သက်မှတ်ထားသော လမ်းကြောအတိုင်း မောင်းနှင့်စေချင်ပါသည်။ ဆိုင်ကယ် နံပါတ်အနီ အစီးရေး ကန့်သက်ထားပြီး တစ်ဦးထက်ပိုမတင်ရ စည်းကမ်းထား ရမည်။ဂိတ်များ ဖွင့်လှစ်၍ လိုင်စင်ကြေး ကောက်ယူသင့်သည်။
ထိုသို့ လုပ်ခြင် အားဖြင့် မှုခင်းများလည်းကျဆင်းနိုင်သည်။
အပိုင်း(၃) စျေးနှုန်း
အများပြည်သူသုံး နိုင်သော နှုန်းထားဖြင့် ဘက်စ် လိုင်းကားများကို ပြေးဆွဲသင့်သည်။စစ်ကိုင်းဘက်မှလာသော ခရီးသည်တယောက် သည်မန္တလေး ဘက်ခြမ်းစစ်ကိုင်းတံတားထိပ်မှာ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးမှာ ဆင်းလျင် မြန်မာငွေကျပ် ၅၀၀ ပေးရသည်၊မဟာမြတ်မုနိဘုရားကြီးအနောက်မုပ်ကနေ စျေးချိုထိ ၃၀၀ ကျပ်၊စျေးချိုကနေ မန္တလေး တောင်ခြေသို့ ၅၀၀ ကျပ် ပေးစီးရပါသည်။ ၊အများသုံးလိုင်းကားခ ပေးရသော အခကြေးငွေ ဖြစ်ပါတယ်။ခရီးစဥ်အစ အဆုံးစီးလျင် (၁၃၀၀)ကျပ်ကုန်ကျပါသည်။
စက်မှု မြို့သစ်ကနေ မဟာမြတ်မုနိ ဘုရားကြီး အရှေ့မုပ် ထိ ၅၀၀ ကျပ်၊မဟာမြတ်မုနိ ဘုရားကြီး အရှေ့မုပ် ကနေ စျေးချို ထိ ၅၀၀ ကျပ် ကုန်ကျပါသည်၊မြို့သစ်ကနေ့ မြို့ထဲစျေးချို အလုပ်သမားတယောက်သည် အသွားအပြန် ၂၀၀၀ ကျပ် ကုန်ကျပါသည်။သာမန်လက်လုပ်လက်စား၊ဝန်ထမ်းများ မစီးနိုင်ကြပါ၊အလုပ်ရှင်ပိုင် ကားဖြင့်ကြို ၊ပို့ လုပ်ပေးခြင်းသော်လည်းကောင်း၊ကိုယ်ပိုင်ဆိုင်ကယ်များကိုသာ အသုံးပြု၍သွားလာကြသည်က များပါသည်။
အများ ပြည်သူ အသုံးပြုနိုင်သော သင့်တင်သော စျေးနှုန်းတရပ် ကို ပုံသေထား ကာ ကြီးကြပ်ဆောင်ရွတ်သင့်သည်။ဥပမာ ရန်ကုန် ဘက်စ် လိုင်းကားများသည် ခရီစဥ် အစအဆုံး စီးလျင် ၂၀၀ ကျပ်သာ ကုန်ကျပါသည်။သို့မှသာ အလုပ်သွားအလုပ်ပြန်၊ဘုရားသွား၊ကျောင်းတက်၊မြို့တွင်ခရီသွားများလည်း အများသုံး ဘက်စ်လိုင်းကားများကို စီးနင်းအသုံးပြုကြမည်ဖြစ်ပါသည်။
အပိုင်း (၄ )ငွေကြေး
မန္တလေးတိုင်း ဒေသကြီး သယ်ယူပို့ဆောင်းရေးကဏ္ဍအတွက် ငွေးကြေးကို အများပိုင် ကုမ္ပဏီ တခု ထူထောင် ပြီး ငွေကြေးစာချုပ်များ၊ဘွန်း များ၊ရှယ်ရာများ၊ ထုတ်ရောင်းခြင်း၊ကားပိုင်းများကို ဖိတ်ခေါ်ပြီး အကျိုးတူစနစ်ဖြင့် ပါဝင်လာစေခြင်း ဖြင့် လုပ်ငန်းကို စတင် လည်ပတ်နိုင်ပါသည်။
အပိုင်း (၅ ) စက်ဘီး လမ်း များ ဖော်ဆောင်ပေးခြင်း
မန္တလေး မြို့နှင့်စက်ဘီး ကို ဟိုအရင်ကတည်းက တွဲလျက် သိနေကြပါတယ်။အဆိုတော် အငဲ သီဆိုထားတဲ့ (၈၅ မန္တလေးညများ တမ်းချင်း) သီချင်းတွင် စက်ဘီးအကြောင်းပါတယ်၊အခုတော့ စက်ဘီးအစား ဆိုင်ကယ်တွေ နေရာယူလာပြီး၊စက်ဘီးလမ်းကြောကို သီးသန်းဖော်ထုတ်ပေးရပါမယ်၊မန္တလေးမြို့ ရွှေတချောင်း မြောင်း( ၈၆)လမ်း အရှေ့ ကပ်လျက် ကို စက်ဘီးလမ်း ဖော်ဆောင်ပေးနိုင်ပါတယ်။ရွှေတချောင်းမြောင်းအတိုင်း တောင်းဘက် ၁၀ လမ်းကနေ့ မြောက်ဘက် ကန်တော်ကြီးကန်ပတ်လမ်းအထိ ရှည်ပါတယ်၊စက်ဘီးလမ်းဖော်ဆောင်ပေးဖို့ အကြံပေးဆွေးနွေးခြင်းဖြစ်ပါတယ်။
ဒုတိယလမ်းကတော့ ၇၈ လမ်း အရှေ့ဘက် ဆင်ဖြူကန် ဂေါက်ကွင်း အနောက်ဖတ်ကပ်လျက် လမ်းကို လည်း စက်ဘီးလမ်း လုပ်လို့ရပါတယ် ။ငွေတချောင်းမြောင်းအတိုင်း၊ကြည်းချောင်း(သဂ်ဇာ ချောင်း) အတိုင်း ကန်းပတ်လမ်းအတိုင်း စက်ဘီးလမ်း၊ဆိုင်ကယ် လမ်းတွေ လုပ်လို့ရပါတယ်၊
စက်ဘီး အသုံးပြုခြင်းအားဖြင့် ကျန်းမာရေးညီညွတ်ခြင်း၊ထွက်ငွေသက်သာြခင်း၊လေထုညစ်ညမ်းမှု လျောကျခြင်းတွေ ခံစားရနိုင်ပါတယ်၊
အပိုင်း( ၆ )လုံခြုံရေး
ယဥ်အန္တရယ် ၊အတွက် အသက် ကို စိုးရိမ်ရသလို့ ခရီသည်များရဲ့ စည်းစိမ်း ငွေကြေးကို လုံခြုံစိတ်ချရအောင်စီစဥ်ရေးဆွဲထားသင့်ပါတယ်။မန္တလေး မြို့တွင်းသွား အများသုံးဘက်စ်လိုင်းကားများ တွင် ခါးပိုက်နိုက်များ သောင်းကျန်းပါတယ်၊ စစ်ကိုင်း၊မုံရွာ ဘက်မှာလာကျသော ခရီးသည်တွေ၊စက်မှု ဘက်က ခရီးသည်တွေ ၊ကျောက်ဆည်၊စဥ့်ကိုင် ခရီးစဥ် ခရီးသွား ဘက်စ်ကားလိုင်းအသုံးပြုသူများကို တောင်မြို့၊စျေးချိုး၊ဘုရားကြီး ခရီးစဥ်တွေမှာ ခါးပိုက်နိုက်ခံရပါတယ်၊အများစုက နယ်ကနေ စျေးဝယ်လာကြသူတွေ၊ဆေးလာကုကြသူတွေ ဖြစ်ကြပါတယ်။သိန်းကို ဆယ်ငွေထိ အောင် နိုက်ခံရကြတယ်လို့ သိရပါတယ်။ခုလို အခြေအနေမျိုးမဖြစ်အောင်၊နယ်မြေခံ အုပ်ချုပ်ရေးအာဏာပိုင်းများနှင့်ယဥ်မောင်းသမား၊ယဥ်နောက်များ ကို သေချာစွာ ပူးပေါင်း ဆောင်ရွတ် သင့်ပါသည်၊ခရီးသည်များကိုလည်း ဗဟုသုတ များ ဖြန့်ဝေအသိပေး၊လက်ကမ်းများ ကြေငြာ ထားသင့်ပါသည်။ဥပမာ ခါးပိုက်နိုက် သတိပြု စာတမ်းများ ကားတွင်မြင်သာစွာ ကပ်ထားခြင်း၊ယဥ်နောက်လိုက်မှ ခါးပိုက်နိုက် သတိပြုပါ လို့ အော်ဟစ် သတိပေးပုံစံမျိုး ဖြစ်သင့်ပါသည်။
သို့မှသာ အများပြည်သူသုံးဘက်စ် လိုင်ကားများကို လုံခြုံစိတ်ချစွာ စီးနင်းကြမည် ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီးမြိုပြသယ်ယူပို့ဆောင်ရေး မဟာဗျုဟာ ထဲက အများပြည်သူ သုံးဘက်စ်လိုင်းကား ၏ တွန်းအားနှင့်ဆွဲအားကို ဆွေးနွေးတင်ပြခြင်းဖြစ်ပါသည်။
ဤ အပိုင်းများကို အကောင်ထည်ဖော်ဆောင်နိုင်ဖို့ဆိုလျင် တာဝန်ကို တိကျစွာ အပ်နှင်းထားခံရသော မန္တလေးတိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အသစ် တခု ဖွဲ့စည်းမှ ဖြစ်မယ် ဆိုတာ ယုံကြည်စွာ ဆွေးနွေးတင်ပြလိုက်ရပါသည်။

0 comments
Post a Comment