________________
ငါတို့ အားလုံး( သို့)အုပ်စုစိတ်ဓတ်
တဦးတယောက်နဲ့လုပ်လို့မရလို့ အများနဲ့စုလုပ်တဲ့အချိန်မှာ အားလုံးပါဝင်မှုရှိတဲ့၊ ဖြစ်စဉ်ကိုအမြဲသတိပြုနေရပါမယ် ။ လူစုလိုက်ရင် ခေါင်း ဆောင်ဆိုတာပေါ်လာမြဲဖြစ်ပေမယ့် ခေါင်းေဆာင်ရဲ့နောက်ကိုပဲ တုံဏှီဘာဝေ ယောင်ချာချာ လိုက်နေတဲ့
နောက်လိုက်တစုကို စုစည်းတာမဟုတ်ဘဲ အားလုံးက ငါတို့ အတူတူ ဟိုင်ပင်ဆွေးနွေး ညှိနှိုင်းလုပ်ဆောင်တဲ့အရာလို့ ပါဝင်မှုကို ဖြစ်စေအောင် လုပ်ရပါမယ်။ အဲဒါမှ ငါလည်းပါတဲ့ဟာဆိုတဲ့ အကြောင်းကြောင့် ငါတာဝန်ရှိတယ်၊ ငါလည်း လုပ်ရမယ်ဆိုတဲ့ တိမ်းညွတ်မှု့ကို ဖြစ်ပါတယ်။ ဒီကိစ္စဟာ ငါအပါအဝင်အားလုံးပိုင်ဆိုင်တဲ့ ကိစ္စတရပ်လို့ ဖြစ်ထွန်းမှုဟာဒီအစုအဖွဲရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကို ခိုင်မာစေပါတယ်။ တဦးချင်း ရော အုပ်စုလိုက်ပါ စိတ်ကျေနပ်မှု ကိုရရှိစေပါတယ်။ “သူများ"တွေကို ပါဝင်မှုပေးတဲ့ ရှေ့ဆောင်မှု
လူထုကိုစည်းရုံးပြီး ပြဿနာကခုကိုအေဖြရှာလိုက်တိုင်းမှာ စည်းရုံးလှုံ့ဆော် မှုကို ပြုတဲ့သူတွေမှာ ) ကိုယ်ကိုယ်တိုင်က ဘယ်လိုဖြစ်တယ် ဘာလုပ်မယ်ဆို သုံးသပ်ချ၊ ဆုံးဖြတ်ချက်တွေကို ရှေ့ကနေအရင် ပြောပြတာမျိုး မလုပ်သင့်ပါဘူး ။ လူတိုင်းမှာ မတူညီတဲ့အေတွ့အကြုံရှိတယ်။ လူတိုင်းစဉ်းစားနိုင်တယ်။တခုခုကို ပြောနိုင် လုပ်နိုင်တယ် ဆိုတာကို တန်ဖိုးထားအသိအမှတ်ပြုဖို့ လိုပါတယ်။အဲဒါတွေကို ဖော်ထုတ်ဖို့ လိုပါတယ်။အချင်းချင်း မြင်သွားသိသွားအောင် ဆောင်ရွတ်ပေးရပါမယ်။ စုပေါင်းအဖြေရှာမှုကို ဖြစ်စေရမယ်။ အခြားသူတွေထက်သာတဲ့ အတွေ့အကြုံ၊ စဉ်းစားမှုမျိုး တချို့ သူတွေး ခေါင်းဆောင်တွေမှာ ရှိကောင်းရှိနိုင်ပါတယ် ။ အဲဒီ အတွေ့အကြုံတွေ၊ စဉ်းစားမှုတွေကို ယူပြီး အခြားသူေတွ ပေါ် သုံးချက်ပေးတာမျိုးထက်၊ မိမိအေတွ့အကြုံမျိုး တခြားသူတွေ အကွေ့အကြုံရအောင် ဖန်တီးပေး ရပါမယ်။ ကောင်းမွန်မှန်ကန်တဲ့ စဉ်းစားမှုမျိုး စဉ်းစားတွေးခေါ်နိုင်ေအာင်လုပ်ေပးရပါမယ်။
ယေဘူယျအားဖြင့်မှာလည်း လူတွေကအားကိုးရှားတတ်ပါတယ်၊ မှီခိုတတ်ကြပါတယ်။ကိုယ်ကိုယ်တိုင်က အပင်ပန်းခံဖို့မကြိုးစားပဲ ခူးပြီး ၊ ခပ်ပြီးအဆင်သင့်ကို ပိုမိုနှစ်သက်လေ့ရှိပါတယ်၊ ကိုယ့် အား ကိုယ် ကိုး၊ ကိုယ့်ဒူး ကိုယ်ချွန်တဲ့ လူထုကိုလိုချင်ရင်၊ ပြည်သူ့အားဆိုတာကို တည်ဆောက်ချင်ရင်တော့ သူရဲကောင်း ဝါဒ၊တစ် ကိုယ်ေတာ် ဝါဒတွေဖျောက်ရပါ လိမ့်မယ်။ ပြည်သူသာ အဓိက၊ ပြည်သူသာ အခရာဆိုတဲ့ ကြွေးကြော်သံကို ကိုယ့် ခေါင်းဆောင်မှု ရဖို့သက်သက် မဟုတ်ဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ပြည်သူလူထုဖြစ်အောင် အနှစ်သာ ရှိရှိ ဖော်ဆောင်ဖို့လိုပါတယ် . ၊ လူထုကို မညွှန်းကြားပါနဲ့ လူထုကို သူတို့ဘဝဖွံ့ဖြိုးတိုးာက်ရေးအတွက် သူတို့ဘာလုပ်ရမယ်ဆိုတာ သူတို့ကိုယ်သူတို့ ညွှန်ကြားလာအောင် ကူညီပေးဖို့ပဲ လို့ပါတယ်။ စဉ်းစားဖို့ကြိုးစား၊ ကြိုးစားဖို့စဉ်းစား
စည်းရုံးရေးလမ်းစဉ် တလျှောက်လုံးမှာ လူတိုင်း လူတိုင်းစဥ်းစားမှုကို အားထုတ်ဖို့ ဝေဖန်ခွဲခြား တက်ဖို့ အမှားအမှန်၊ ပိုင်းခြားနိုင်ဖို့ ဘာလုပ်ရင်ကောင်းမလည်းဆိုတဲ့ ရှေ့တိုးစဉ်းစားချက်တွေ ရှိလာဖို့ အားထုတ်ပေးရ ပါမယ်။အထက်ကပြောခဲ့သလို့ပဲကျွန်တော်တို့တတွေဟာ သူများအေပြာကို အရင်စောင့်တတ်ကြတယ်။တေယာက်ေယာက် ခြေတလှမ်းတိုး မှ ကျနော်တို့က ခြေလှမ်းဟန်ပြတယ်၊ ကိုယ်ကခြေလှမ်းပန်ပြတယ်၊ ဒါတွေကို ဖျောက်နိုင်အောင် ကြိုးစားပေးရပါမယ်။
အထူးသဖြင့်ဖိနှိပ်ခံနေရတဲ့သူတွေ၊ တစ်သက်လုံးသူများ ပြောသမျှကိုပဲ လုပ်နေရတဲ့သူတွေဆိုရင် စဉ်းစားမယ်တဲ့ အလေ့အကျင့်တောင် မရှိတတ်ကြတော့ပါဘူး။ ဒါကြောင့်မို့လို့လည်း ဖိနှိပ်သူတွေက ပိုပြီးနှိပ်နေနိုင်တာဖြစ်ပါတယ်၊လူတိုင်မှာ ရှိတဲ့ဦးဏှောက်ကို တဲ့ အသုံးချတတ်လာအောင် လှုံ့ဆော်ပေးသင့်ပါတယ်။ လူတွေကိုမစဉ်းစားတက်အောင်၊ မပြောရဲအောင်လုပ်ထားမယ်ဆိုတာ အာဏာရှင်တွေရဲ့ အလုပ်ပါ။
နောက်တခုက တချို့သူများဟာ ပင်ကိုယ်သဘာဝအရ အခြေအနေအကြောင်းကြောင်းကြောင့် နုတ်မရဲတာေတွရှိပါ တယ်။ အားပေးမှုပြုပြီး သူ့ရဲပါဝင်လာမှု့ကို ကြိုးစားပေးသင့်ပါတယ်။ ။
မြန်ပြန်စဉ်းစားနိုင်တဲ့သူတွေ၊ အတွေ့အကြုံများတဲ့သူတွေ၊ အခွင့်အလမ်းသာတဲ့သူတွေ ခေါင်းဆောင်လုပ် ချင်သူတွေက ဦးအောင်စဉ်းစား၊ ဦးအောင်နည်းလမ်းရှာပြီး ဦးအောင်ပြောဆိုခြင်း၊ ဦးအောင်ဆွေးနွေးခြင်း နည်းလမ်းပေးခြင်းတွေကလည်း လူတွေကို စဉ်းစားမှုပိတ်ပင်သွားအောင်၊ တွေးခေါ်မှုကိုဟန့်တားရာရောက်တယ်ဆိုတာကို သတိပြုသင့်ပါတယ် '' ဒို့လူတွေ ဒါမျိုးမစဉ်းစားနိုင်ပါဘူး လို့ထင်တာထက်၊ ဒီလူတွေဒါမျိုးစဉ်းစားလာကောင် ငါဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာ စဉ်းစားဖို့သင့်ပါတယ်။
0 comments
Post a Comment