Wednesday, May 6, 2020

ကိုယ် သူရဲကောင်းဖြစ်အောင်လုပ်တာမဟုတ်ဘူး၊လူထု သူရဲကောင်းဖြစ်အောင်လုပ်ရတာ
peaceoftrustWednesday, May 6, 2020 0 comments

လူတိုင်ဟာ ကိုယ့်ပြဿနာကိုယ် အခြေခံစဉ်းစားလေးရှိပါတယ်၊ကိုယ်ကို ထိခိုက်လာမှသာ ပါဝင်ပတ်သက် လေ့ရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုကို ချဉ်းကပ်ရာမှာ သူတို့လက်‌ေတွ့ကြုံ‌ နေရတဲ့ ပြဿနာ၊ အက်အခဲကို အ‌ခြေခံ  ‌ပြီး သူတို့ကိုယ်
လှုံ့ဆော်ပေးမှသာ ပါဝင်ပါတ်သက်မှု များလာမှာဖြစ်ပါတယ်။ တကယ်တန်းပြန်ကြည့်ရင်လည်း သူတို့‌‌  နေ့စဉ် ကြုံတွေ့  နေရတဲ့အဓိကအခက်အခဲ ပြဿနာကိုကျော်လွှားပြီး အရမ်းလှမ်းတဲ့ ကိစ္စတခုကို ပြောနေရင် ဘယ်လိုခံစားလို့ရမှာလည်း
လူတစ်စုကို စည်းလုံးစေချင်ရင် သူတို့အားလုံးနဲ့ ပါတ်သက်တဲ့အကြောင်းအရာ  ပြဿနာကိုအခြေခံတာ ဟာ ဆုံချက်ကို ရှာခြင်းပါပဲ။ လူတိုင်းက သူ့ပြဿနာကို သူတို့မြင်ပြီး သူ့တို့ကိုယ်ဟိုင် ဖြေရှင်းဆောင်လျှက်တက်လာဖို့လိုပါတယ်။
ရေရှည်အမြင်ရှိပါ
စည်းရုံးရေးဖြစ်စဉ်တိုင်းဟာ ရေရှည်အမြင် ပန်းတိုင်ရပ်ရှိဖို့လိုပါတယ်။ ပန်းတိုင်တိုင်းကလည်း အခြခံလူ့အခွင့်အရေးတွေနဲ့ တနည်းတဖုံဆက်စပ်ဖို့ လိုပါတယ်။ တကယ်တန်းတော့ သူ့ပတ်ဝန်းကျင်ထဲမှာ ကြုံတွေ့နေရတဲ့ပြဿနာတွေဟာလူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေချည်းပဲ။ လတ်တလောမှာ ကျောင်းဖယ်ရီစရိတ်ကျုရှင်စရိတ်‌ တွေကို စုရုံးရှာ၊
နေပေမယ့် တကယ်တော့ ပညာသင်ကြားပိုင်ခွင့်ထဲက အခြေအနေတရပ်ပါပဲ။ လယ်သမားတွေ ဆည်ရေသွင်း ပြဿနာကို ဝိုင်းဝန်းဆောင်ရွက်နေပေမယ့် အသက်ရှင်ပိုင်ခွင့် အ‌ ‌  ခြေအနေတရပ်ပါပဲ။ လူ့အခွင့်အရေးဆိုတဲ့ပြဌာန်းဖော်ပြချက်တွေဟာ
လူတွေရဲ့လက်တွေ့နေ့စဉ်ဘ၀ အခြေခံလိုအပ်ချက်တွေက ဖြစ်ထွန်းလာတာဖြစ်လို့အခြေခံပြဿနာတွေကို စုရုံးကိုင်တွယ်ရာမှာလည်း ပိုမိုကျယ်ပြန့်တဲ့ပန်းတိုင်၊ အခြားအခွင့်အရေးကိုပါ၊ ဆုပ်ကိုင်နိုင်တဲ့ပန်းတိုင်ကိုလည်း အ‌မျှော်အမြင် ရှိထားဖို့လိုပါလိမ့်မယ်။
ပန်းတိုင်နဲ့ ကျင့်စဉ်
တကယ်တော့ အခုတင်ပြခဲ့တဲ့ ကိစ္စတွေအားလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အ‌ရေးကျင့်သုံးမှုတွေကိုလူ့အဖွဲ့အစည်းထဲမှာ လေ့ကျင့်တည်ဆောက်နေတာပါပဲ။ ပြည်သူတွေအတွက် ပြည်သူ့အာဏာကို ပြည်သူကကျင့်သုံးခြင်း ဆိုတာကိုအခြေခံချအုတ်မြစ်တည်တာ သည် လူထုစည်းရုံးရေးဆိုတဲ့ ကိစ္စရဲ့ ဦးတည်ချက်ပါပဲ။ သူတို့၏အခွင့်အ‌ရေးကို ကိုယ်တိုင် သိရှိပြီးနှင့်ထိန်းသိမ်း၊
စောင့်ရှောက်နိုင်ဖို့ ကြိုးပမ်းမှုဖြစ်စေတာ လူထုစည်းရုံး‌  ရေးကိစ္စရဲ့ ဦးတည်ချက်ပါပဲ။ ဒါကို ကျင့်သုံးနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာပြီဆိုရင် ဘယ်အာဏာရှင်မှ အမြစ်မတွယ်နိုင်ပါဘူး။ “ဒီ‌မြေရှိလို့ ဒီအပင်ရတာပါ ၊ ကျွန်တော်တို့ ခံနေလို့ သူ့ကို ၊
စံနေတာပါ။ ”
အပြောင်းအလဲကို လိုချင်ရင် ကိုယ်ဖြစ်ချင်တဲ့ အပြောင်းအလဲအတိုင်း၊ကိုယ်ကိုတိုင်‌ပြောင်းလဲကြဖို့ လိုတယ်။
အဲဒါကမှ အသီးတရာ၊ အညာတခုဖြစ်ပါတယ်။ ။
ဒီမိုကရေစီဆိုတဲ့ ပန်းတိုင်ကိုရောက်ဖို့ ဒီမိုကရေစီကို ကျင့်ကြံအားထုတ်နေပါ။ အဲဒီဖြစ်စဉ်ရှိပါမှ ရောက်မှာပါ။ "
လူ့အခွင့်အရေးဆိုတာ မွှေးရာပါအခွင့်အ‌  ရေးဖြစ်ပေမယ့် ထိန်းသိမ်း စောင့်ရှောက်မှုမရှိရင်တော့ အလွဲသုံးစားခံရတာပါပဲ။
ကိုယ့်ဆီက လုယူနေတာကို တစ်ယောက်ချင်း ငုတ်တုတ်ထိုင်ကြည့်ကြမယ် ဆိုရင်တော့ဆုံးရှုံးနေကြမှာပဲဖြစ်ပါတယ်။ဒီတော့ စုပေါင်းလုပ်ဆောင်ကြမယ်။ စည်းလုံးဖို့အတွက် စည်းရုံးကြမှ ဖြစ်မှာပါ ။
ဒီတပါတ်နိဂုံးချုပ်ရရင်တော့ လူထုစည်းရုံးရေးဆိုတာ ပြဿနာတရပ်ကိုအကျုံးဝင်ပါတ်သက်နေတဲ့ သူတွေက သူတို့
ဖာသာသူတို့ သုံးသပ်စိတ်ဖြာ အဖြေရှာပြီး ပြောင်းလဲမှုရလာဒ် တခုအတွက် စုပေါင်းလုပ်‌‌ဆောင်လာအောင် စေ့ဆော်တွန်းတင်ပေးတဲ့ လုပ်ငန်းစဉ်ပါပဲ။ လူထုစည်းရုံးရေးဆိုတာ လူထုကို အာဏာရဲ့ ဗဟိုချက်မရောက်အောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်
ကိုယ် သူရဲကောင်းဖြစ်အောင် ဆောင်ရွက်တာမဟုတ်ပါဘူး၊ လူထုကို သူရဲကောင်းတွေဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်
(နောက်တပါတ်ဆက်လက်ဆွေးနွေးပါအုံးမယ်)

In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment