Wednesday, May 13, 2020

စည်းရုံးဆောင်ရွတ်သူ တဦးဖြစ်ရန် ဆန္ဒရှိနေဆဲ ဆိုရင် စာကိုဆက်ဖတ်ပါ
peaceoftrustWednesday, May 13, 2020 0 comments

        ဤစာအုပ်သည် ကမ္ဘာပေါ်တွင်ရှိသော လူထုအဖွဲ့အစည်း စည်းရုံးရေးဆောင်ရွက်သူများ အားလုံးအတွက် အင်အား
တရပ်ဖြစ်စေရန် ရည်စူး၍ထုတ်ဝေခြင်း ဖြစ်ပါသည်။
ပဏာမအဖွင့်စကား
• လူထုအဖွဲ့အစည်း စည်းရုံးရေးဆောင်ရွက်ခြင်းသည် သက်မွေးဝမ်းကျောင်း လုပ်ငန်းတခုမဟုတ်ပါ၊ ထို့အတွက်သင်သည်လူထုအဖွဲ့အစည်းစည်းရုံးရေးဆောင်ရွက်သူတဦးဖြစ်ရန် ဆန္ဒရှိပါသလား။
မိမိတို့မှ ဦးစွာပြောပြလိုသည်မှာ ဤလူထုအဖွဲ့အစည်းအား စည်းရုံးရေး ဆောင်ရွက်ခြင်းသည် သင့်အတွက် ကျော်ကြားမှုကိုဖြစ်စေ၊ အခွင့်အလမ်းကိုဖြစ်စေ၊ သူရဲတဦးဖြစ်စေမှုကိုဖြစ် ဖော်ဆောင်ပေးမည့် အလုပ်အကိုင်တခု မဟုတ်ပါ၊ အပြန်အလှန်ပြောရမည်ဆိုလျင် ထိုလူထုအဖွဲ့အစည်း စည်းရုံးလုပ်ဆောင်သူ ကိုယ်တိုင်းအနေဖြင့်
မဟုတ်ပဲ၊ လူထုအနေဖြင့် ၎င်းတို့ကိုယ်တိုင် သူရဲကောင်းများ ဖြစ်လာအခါမှသာလျင် အောင်မြင်သော လူထုအဖွဲ့အစည်း စည်းရုံးရေးဆောင်ရွက်သူတဦး ဖြစ်လိမ့်မည်ဖြစ်သည်။
လူထုအဖွဲ့အစည်း စည်းရုံးရေးလုပ်ဆောင်ခြင်းသည် သင်၏ အလုပ်ရှင်ကို ကြောက်ရွံ့ရသောကြောင့် မဖြစ်မနေ တနေ့လျင် ၈နာရီပြည့်အောင် လုပ်ဆောင်ရသည့် လုပ်ငန်းမျိုးလည်းမဟုတ်ပါ။ ထို့အတူ သည် အခြားသော
အကျိုးအမြတ်များကို တိုးတက်ဖွံ့ဖြိုးစေသည့် ဝါသနာရပ်ဆိုင်ရာ လုပ်ငန်းမျိုးမဟုတ်သလို သင်ကိုယ်ပိုင်အဖြစ်ဖတ်တွယ်ထားနိုင်သော အခိုင်အမာပြောဆိုနိုင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စီမံချက်တရပ်လည်း မဟုတ်ပါ။
စည်းရုံးရေးဆောင်ရွက်သူတဦးအဖြစ် ဆောင်ရွက်ရန် သင်ဆုံးဖြတ်မည်ဆိုပါက အမျိုးမျိုးသောဝေဖန်မှုများနှင့်ပြစ်တင်ပြောဆိုခံရမှုများကိုကြုံတွေ့လာနိုင်ပါသည်။ ထို့အပြင် သင်၏မိသားစုအတွင်းမှ အပြင်းထန်ဆုံးထိုးနှက်ချက်များ
အများဆုံးဖြစ်ပေါ်လာနိုင်သည်ကိုပင် ကြုံတွေ့ကောင်း ကြုံတွေ့နိုင်သည်။ နောက်ပိုင်းတွင် သင်၏ဘ၀သည် မိသားစုမှ
ပြစ်တင်ဝေဖန်မှုများနှင့် လူမှုအသိုင်းအဝန်း၊ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် လူအဖွဲ့အစည်း
စည်းရုံးရေးဆောင်ရွက်ခြင်း(CO)တရပ်၏ တာဝန်များအကြား ဟန်ချက်ညီအောင် စဉ်ဆက်မပြတ်ကြိုးစားလုပ်ဆောင်သွားရလိမ်မည် ဖြစ်သည်။
သင်အနေဖြင့် လူထုအဖွဲ့အစည်းအတွက် အံ့ဩဖွယ်ရာများကို ထမ်းဆောင်နိုင်ရန် မျှော်လင့်ထားပြီးဖြစ်သော်လည်း ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်တိုင် သင်၏မည်သို့ရှိသည်ကိုသာမက သင်၏အခန်း ကဏ္ဍနှင့် ထိုလူမှုအဖွဲ့အစည်းအား သင်မည်ကဲ့သို့ နားလည် သဘောပေါက်သည် ဆိုသောအ‌မြင် ပေါ်တွင်လည်းမူတည်နေပါသည်။ ထို့အပြင် သင်သည် သက်ဆိုင်ရာတာဝန်ရှိသူ အာဏာပိုင်များမှသာမက၊ လူထုအဖွဲ့အစည်းမှ ၎င်းတို့
အပေါ် ခေါင်းပုံဖြတ်အမြက်ထုတ်ခြင်းများကြောင့် ဆန့်ကျင်သည့်လှုပ်ရှားမှုများ မြင့်မားလာခြင်းအတွက် အကျိုးစီး
ပွားဆုံးရှုံးရသည့်သူများအပါအဝင် အခြားသောအင်အားစုများ၏ ဒုက္ခပေးမှောက်ယှက်မှုများနှင့် ပစ်မှတ်အဖြစ်
သတ်မှတ်ခြင်းများကိုလည်း ခံရနိုင်သည်။ သို့ရာတွင် ၎င်းတို့၏ ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန်အတွက်မှာ
သင်လုပ်ဆောင်သည့် မဟာဗျူဟာအပေါ်တွင် မူတည်နေလိမ်မည်ဖြစ်သည်။ တခါတရံ ထိုသို့သော ခြိမ်းခြောက်မှုများကို
ရှောင်လွဲ၍မရနိုင်သောအခါ လူထုစည်းရုံးရေး လုပ်ဆောင်နေတဦးအနေဖြင့် ထိုသို့ကျရောက်လာနိုင်သော အဆုံး
စွန်ဆုံးဖြစ်လာနိုင်သည့် အခြေအနေများအတွက် အကောင်းဆုံးပြင်ဆင်ထားသင့်ပါသည်။ ထိုသို့သောအကြောင်း
အရာများကြောင့် သင်သည် ယခုထက်တိုင် စည်းရုံးရေးဆောင်ရွက်သူတဦးဖြစ်လာရန် ဆန္ဒရှိနေဆဲဆိုပါက ဤစာ
အုပ်ကို ဆက်လက်၍ ဖတ်ရှုလေ့လာပါ။ ထိုသို့မဟုတ်လျင် ဤစာအုပ်ကိုချ၍ ကျော်ကြားမှုနှင့် အခွင့်လမ်းများ
အတွက် သင်ရွေးချယ်သော လမ်းကြောင်းကို စတင်ရန်ပင် ဖြစ်ပါသည်
      ဆင်းရဲသောသူများဘက်မှ ရပ်တည်ပေးပါ။
လူထုအဖွဲ့အစည်း စည်းရုံးရေးဆိုသည်မှာ တကယ်စင်စစ်တွင် မိမိတို့၏လူမှုအဖွဲ့အစည်းနှင့် ပိုမိုကျယ်ပြန့်သော လူ ၊ဘောင်အဖွဲ့အစည်းတို့တွင် မည်သည်များဖြစ်ပျက်နေသည်ကို လေ့လာစူးစမ်းမှုတရပ်အပေါ် အခြေခံထားသည့် လှုပ်ရှားဆောင်ရွက်မှုများ ၏ အကျိုးအကြောင်းဆီလျော်သည့် အကျိုးဆက်ပင်ဖြစ်ပါသည်။
ကျွနုပ်တို့၏ ပတ်ဝန်းကျင် တွင် တရားမျှတမှု နှင့်ဖိနှိပ်ချုပ်ချယ် မှု အခြေအနေများ များပြားစွာ ဖြစ်ပေါ်လျက်ရှိပါသည်။ထိုအဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို အချို့ သောသူများကထိုင်၍စောင့်ကြည့်နေကြသည်။ အချို့သော သူများသည် ဤပြဿနား များနှင့်ပတ်သက်၍ စောဒကတက်လိုသည်များ ရှိကြသော်လည်း မည်သို့လုပ်ဆောင်ခြင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော် သူတို့ နှင့် သူတို့မိသားစုများအပေါ် လက်တုန့်ပြန်မှုများ ဖြစ်ပျက်လာနိုင်သည်ကို စိုးရိမ်ကြောက်ရွံ့ နေသောကြောင့်ပင်ဖြစ်သည်။ စစ်မှန်‌ သောတုန့်ပြန်မှုများကို လုပ်‌  ဆောင်သူများ ရှိ သော်လည်း ကန့်
သတ်ထားသည့် ပတ်သက်မှုများဖြင့်သာ ဖြစ်လိမ်မည် ဖြစ်သော်လည်း သူတို့ မှဖြစ်ပျက်နေသော အနေအထားများတွက် အလားအလာကောင်းအချို့ ကို ဖြန့် ဝေ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိသည်။ 
စည်းရုံးရေးဆောင်ရွက်သူတဦးဆိုသည်မှာ ဆင်းရဲသူများအကျိုးအတွက်‌‌ဆောင်ရွက်ရန်ရွေးချယ်မှုများကို ပြုလုပ်
ထားပြီးသူပင် ဖြစ်သည်။ ဤသည်နှင့် ပတ်သက်၍ ရွေးချယ်ရန်မှာ နှစ်လမ်းမရှိပဲ ဆင်းရဲသူများနှင့်လက်တွဲမည်လားသို့မဟုတ်သူတို့အားဆန့်ကျင်မည်လားဆိုသည်ပင်ဖြစ်သည်။ ထို့အတွက် လူထုအဖွဲ့အစည်း စည်းရုံးရေးလုပ်
ဆောင်သည့် လုပ်ငန်းစဉ်သည် ကြားနေဘက်မလိုက်မှုတခုမဟုတ်ပဲ လူထုအဖွဲ့စည်းနှင့်သက်ဆိုင်သော ယုံကြည်
ချက်များ၊ နားလည်သဘောပေါက်မှုများနှင့် စည်းမျဉ်းဥပဒေသများကိုသာမက ထိုလူဘောင်အဖွဲ့အစည်းအတွင်းနေထိုင်ကြသူများအားလုံးအတွက် တရားမျှတမှု ၊ ငြိမ်းချမ်းမှုနှင့် လူ့အခွင့်အရေးများအား မည်သို့ထိန်းသိမ်းသင့်
သည်တို့ကိုပါ စွဲကိုင်ထားသည့် တန်ဖိုးများဖြင့်ပြည့်လျက်ရှိသော လုပ်ငန်းစဉ်ပင်ဖြစ်သည်။
လူထုစည်းရုံးရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာလူထုအုပ်စုမှ ၎င်းတို့ အနေအထားများ ပိုမိုကောင်းမွန်လာစေရန်
အတွက် ပြုပြင်ပြောင်းလဲမှုများကိုဦးတည်သည့် အခြေအနေများကိုဖန်တီးယူသော တုန့်ပြန်မှုတရပ်အနေဖြင့် တွေ့မြင်
နိုင်ပါသည်။ ဤလုပ်ငန်းစဉ်အား မတူညီကွဲပြားသော အင်အားစုများ၊ အကြောင်းအရာများဖြင့် ပတ်ဝိုင်းလွှမ်းခြုံထား
သည့်အတွက် စည်းရုံးရေးဆောင်ရွက်သူသည် ထိုအင်အားစုများနှင့် ထိုအကြောင်းအရာများအကြား ဆက်နွယ်မှု 
များကို တွေ့မြင်၍ နားလည်သဘောပေါက်နိုင်ခွမ်း ရှိရမည်ဖြစ်သည်။လူထုစည်းရုံးဆောင်ရွက်သူသည် ထို
ဆင့် ဆင့်သော ပြောင်းလဲဖြစ်ပေါ်မှုအခြေအနေများတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာရန် နှင့်စေ့စပ် ဆော်ဩကူညီ
သွားလိမ်မည် ဖြစ်ပြီး နောက်ပိုင်းတွင် ပိတ်ကားပေါ်၌ ရုပ်ရှင်ပြသနေသည့်အတိုင်း ပြည်သူများကိုယ်တိုင်ပါဝင်ဆင်နွှဲသွားသည်ကို ခွင့်ပြုပေးရမည်ဖြစ်သည်။
သို့မှသော စည်းရုံးဆောင်ရွက်သူများနှင့် ပြည်သူများသည် လူမှုပတ်ဝန်းကျင်ဖြင့် နွယ်မှုပုံစံအသစ်တရပ် ပေါ်ပေါက်လာသည့်တိုင်အောင် ပြောင်းလဲစေနိုင်အားရှိသည့်လုပ်ငန်းအား ပြုစုပျိုးထောင်ပေးမှုကို စုပေါင်းပါဝင်၍ ထိရောက်စွာဖြင့် ဆက်လက်လုပ်ဆောင် သွားနိုင်မည်ဖြစ်သည်။ ဤဖြစ်နိုင်သည့်လုပ်ငန်းများမှာ လူမှုရေးဆိုင်ရာ ဖွဲ့စည်း
တည်ဆောက်ပုံနှင့် အနေအထားသစ်တို့အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ ဆင့်ကဲဆင့်ကဲတိုးတက်မှု ဖြစ်စဉ်များအနေဖြင့် ထင်ရှားလူသိများပါသည်။   
နောက်တရက် ဆက်ရေးပါအုန်မယ်။

In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment