အစကတည်းကပင် လူထုအဖွဲ့အစည်း စည်းရုံးရေးလုပ်ဆောင်သူသည် မိမိကိုယ်တိုင်လုပ်ဆောင်မှုကို ဖျက်သိမ်းသည်
လုပ်ငန်းစဉ်တရပ်အား စတင်လုပ်ဆောင်ထားရေးစီမံချက်ကို ချမှတ်ပြီးဖြစ်ရန်လိုအပ်ပါသည်။
အဘယ်ကြောင့်ဆိုသော် စည်းရုံးရေးလုပ်ဆောင်သူတဦးတွင် ထိရောက်စွာဖြင့် သူ သို့မဟုတ် သူမ၏ လုပ်ဆောင်ရ
မည့် လုပ်ငန်းတာဝန်ရှိနေသည်ဟု သတ်မှတ်ထားရမည်မှာ ပြည်သူများမှ ၎င်းတို့ကိုယ်တိုင် စည်းရုံးလုပ်ဆောင်လာ
နိုင်သည့် အချိန်အထိသာဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူလူထုအား ပံ့ပိုးကူညီသွားရန်အတွက် စည်းရုံးရေးလုပ်
ဆောင်သူကို ရေရှည်လိုအပ်မှုမရှိခြင်းပင်ဖြစ်သည်။ အမှန်စင်စစ်တွင် စည်းရုံးရေးလုပ်ဆောင်သူသည် ထိုလူမှု အဖွဲ့အစည်းအတွင်းမှဖြစ်စေ သို့မဟုတ် အခြားသော ဒေသတခုမှ လာရောက်ခဲ့သည်ဖြစ်စေ ဤလုပ်ငန်းစဉ်တခုလုံး
အတွင်းမှ ထိုစည်းရုံးရေးလုပ်ဆောင်သူအား ဖယ်ကြဉ်ခြင်းမဟုတ်ပါ။
ဤလုပ်ငန်းစဉ်၏ အစပိုင်းတွင် ဒေသခံလူမှုအဖွဲ့အစည်းအတွင်းမှ ပံ့ပိုးဖြည့်ဆည်းကူညီခဲ့သူများကို စစ်မှန်သည့်
စည်းရုံးရေးဆောင်ရွက်သူတဦး ဖြစ်လာစေရန်အတွက် ၎င်းတို့ကိုယ်တိုင် မည်သို့စည်းရုံးရေးလုပ်ဆောင်ရမည်ကို
လေ့လာသင်ယူစေပြီးသောအခါ သူ သို့မဟုတ် သူမတို့မှ လုပ်ဆောင်နိုင်လိမ်မည်ဖြစ်သည့် အခြားသောလုပ်ငန်း
တာဝန်များနှင့် အခန်းကဏ္ဍများကို သတ်မှတ်ပေးသင့်ပါသည်။ အခြားသော လူမှုအဖွဲ့အစည်းများနှင့် ပြင်ပဆက်
သွယ်မှုများတည်ဆောက်ခြင်း သို့မဟုတ် တခါတရံတွင် ရန်ပုံငွေရှာဖွေပေးသူတဦးအဖြစ် အချို့သောဖြစ်နိုင်သည့်
လုပ်ငန်းအသစ်များကို စေ့စပ်ဆော်ဩပေးသူအဖြစ် လေ့ကျင့်နေသူတဦးအနေဖြင့် လုပ်ဆောင်သွားနိုင်သည်။ သို့
သော်နောက်ဆုံးတွင် ထိုအခန်းကဏ္ဍများမှာ ဒေသခံလူ့အဖွဲ့အစည်းသို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီးထို့ နောက်တွင်မူ
ထိုစည်းရုံးရေးလုပ်ဆောင်သူများဖြစ်သည့် သူ သို့မဟုတ် သူမတို့သည်
ထို လုပ်ငန်းစဉ်များ၊ ရှည်ခရီးအတွက်
ပြန်လည်စတင်ရမည်ဖြစ်ပြီး ထိုသူများသည် ကိုယ်တိုင်အလုပ်မရှိမှုကိုတကြိမ်ပြန်လည် တွေ့ရှိရလိမ့်မည်ဖြစ်သည်။
သို့ရာတွင် ဤသည်မှာ ထိုလူမှုအဖွဲ့အစည်းအတွင်းမှလာသော စည်းရုံးရေးလုပ်ဆောင်သူ တဦးအတွက်ဆိုလျင်
ကွဲပြားခြားနားလိမ္မည်ဖြစ်သည်။ သူ သို့မဟုတ် သူမသည် ဒုတိယ သို့မဟုက် တတိယ အဆင့်ဖွံ့ဖြိုးတိုးတက်မှုကဲ့သို့
သော အခြားအခန်းကဏ္ဍများတွင် ရှိနေလိမ္မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းတို့၏ လူမှုအဖွဲ့အစည်းတွင် လူထု
စည်းရုံးရေးလုပ်ငန်း အလေ့အထများကို ဆက်လက်တည်တံ့ စေသည့် လက်ဆင့်ကမ်းစိတ်ဓါတ်နှင့် ဆောင်ရွက်မှု၊
ယန္တရားတရပ် တည်ရှိလာခြင်းပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့လူမှုအဖွဲ့အစည်း၏ အားလုံးသောဘဝများအတွက်
ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည့် လူထုအင်အား ကြီးမားလာမှုတရပ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်
ပါသည်။
လူထုအဖွဲ့အစည်း စည်းရုံးရေးလုပ်ဆောင်ခြင်းဆိုသည်မှာ အမှန်စင်စစ်တွင် ကိုယ်တိုင်လက် တွေ့အသုံးပြုပုံကို ဖော်ပြ
သော စကားလုံးပင်ဖြစ်သည်၊ အကြောင်းမှာ ၎င်းကိုယ်တိုင်၏ ပညာရပ်ဆိုင်ရာဝေါဟာရအသံုးအနှုန်းသည် ကျယ်
ပြန့်သောအမြင်နှင့် ပါဝင်မှုများကို စစ်မှန်စွာ ရည်ညွှန်းပြဆိုနေ သောကြောင့် ဖြစ်သည်။ လူမှုအဖွဲ့အစည်းဟု မိမိတို့မှ
ရည်ညွှန်းသည်မှာ ကြီးမားသော လူမှုအဖွဲ့အစည်း သို့မဟုတ် အထွေ ထွေအားဖြင့်လူ့ဘောင်အဖွဲ့အစည်း ကိုပင်
ဖြစ်ပါသည်။ ဤနေရာတွင်စည်းရုံးရေးဆောက်ခြင်းဆိုသည်မှ အဓိပ္ပာယ် ဖော် ဆောင်ထားသည်မှာ ရည်မှန်းချက်
အစုအဖွဲ့များတရပ်ကို ဦးတည်သည့် သီးခြားလှုပ်ရှားမှုများကို ဖော်ဆောင်ခြင်း သို့မဟုတ် တိကျယာပြသနာရပ်
များကို ဖော်ထုတ်ခြင်း၊ အချို့သောအကြောင်းအရာများကို ဖြေရှင်းခြင်းအစရှိသည်တို့အတွက် ဦးတည်ချဉ်းကပ်
ဆောင်ရွက်သည့် စုပေါင်း၍ စီမံကိန်းရေးဆွဲထားမှုတရပ် သို့မဟုတ် ဖွဲ့စည်းပုံတရပ် သို့မဟုတ် စနစ်တရပ်ကို ဆိုလိုခြင်း
ဖြစ်သည်။
0 comments
Post a Comment