Sunday, July 12, 2020

ဒုတိယအကြိမ် လွှတ်တော်မှတ်တမ်း
peaceoftrustSunday, July 12, 2020 0 comments

#ဒုတိယအကြိမ်မန္တလေးတိုင်းလွှတ်တော်မှတ်တမ်း

#၁၈ကြိမ်ပုံမှန်အစည်းအ​ေ၀းအထိ#

မန္တလေးတိုင်းလွှတ်တော် ဒုတိယအကြိမ်အစည်းအ​ေ၀းတွေဟာ  (အခုထိ ပုံမှန်အစည်းအ​ေ၀း ၁၈ ကြိမ်ထိရှိပါပြီ)  မကြာခင် ပြီးဆုံးတော့မှာဖြစ်ပါတယ်။ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်ကျန်နိုင်ပါသေးတယ်။

အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ပေါင်း #၅၇ဦး တပ်မတော်သားကိုယ်စားလှယ်ပေါင်း #၁၉ဦး ရှိပါတယ်။ စုစုပေါင်း #၇၆ဦး ပါ။ လစာ တစ်ဦးကို #ကျပ်ငါးသိန်း နဲ့ လွှတ်တော်အစည်းအ​ေ၀းရက်ဆို တရက် နေ့တွက်စရိတ် #ကျပ်၁၅၀၀၀ ရရှိပါတယ်။

ကြယ်ပွင့်ပြမေးခွန်း #၁၂၅၄ခု 
ကြယ်ပွင့်မပြမေးခွန်း #၅၇၅ခု
အဆို  #၃၃ခု တင်နိုင်ခဲ့ပါတယ်။ အဆို #၁ခု ကတော့ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ဥပဒေကတော့ #၃ခု ပြင်ဆင်တာ ပြဌာန်းတာ လုပ်ခဲ့ပါတယ်။ (ပြုဖို့စီစဥ္ဆဲ ဥပဒေတွေ ရှိပါသေးတယ်)

မေးခွန်းအများဆုံးမေးမြန်သူ ဦးမိုးမြင့်သိန်း သာစည်မြို့နယ် မဲဆန္ဒနယ် ၁ ကဖြစ်ပြီး ကြယ်ပွင့်ပြ #၁၃၀ခု  ကြယ်ပွင့်မပြ #၇ခု မေးမြန်းခဲ့ပါတယ်။

ဒုတိယမေးခွန်းအများဆုံးမေးမြန်သူ ဦးစံထွန်း သာစည်မြို့နယ် မဲဆန္ဒနယ် ၂ ကဖြစ်ပြီး ကြယ်ပွင့်ပြ #၁၀၅ခု မေးမြန်းခဲ့ပါတယ်။

တတိယအများဆုံးမေးမြန်းသူကတော့ ဦးအောင်ကျော်မိုး မိတ္ထီလာမြို့နယ် မဲဆန္ဒနယ် ၁ ဖြစ်ပြီး ကြယ်ပွင့်ပြ #၉၆ခု ကြယ်ပွင့်မပြ #၁၁ခု မေးမြန်းခဲ့ပါတယ်။

တပ်မတော်သားကိုယ်စားလှယ် #၁၈ဦး ထဲကနေ ကြယ်ပွင့်ပြရော ကြယ်ပွင့်မပြရော မေးခွန်းပေါင်း #၄၈ခု မေးမြန်းခဲ့ပါတယ်။ ဗိုလ်မှူးသိန်းဟန် တစ်ဦးထဲတင် ကြယ်ပွင့်ပြ #၂၅ခု ကြယ်ပွင့်မပြ #၈ခု မေးမြန်းခဲ့ပါတယ်။

အစိုးရထဲမှာပါ၀င်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မေးခွန်းတခုမှ မမေးမြန်းခဲ့ကြပါဘူး။

ထို့အတူ  လွှတ်တော်ဒုဉက္ကဌတာ၀န်ယူထားတဲ့ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် ၂ က ဦးခင်မောင်ဌေး  မတ္တရာမြို့နယ် မဲဆန္ဒနယ် ၁ က ဦးမောင်မောင်အေးတို့ဟာ မေးခွန်မမေးခဲ့ကြပါဘူး။

အဆို အများဆုံးတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကတော့ ဦးတင်အောင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် ၁ ဖြစ်ပြီီး အဆို  #၆ခု တင်ခဲ့ပါတယ်။

အဆို ဒုတိယအများဆုံးတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကတော့ ဦးမြင့်အောင်မိုး ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် ၂ ဖြစ်ပြီီး အဆို  #၃ခု တင်ခဲ့ပါတယ်။

(မှတ်ချက်-အစိုးရအဖွဲ့ကိုယ်စား တင်ရတဲ့အဆို #၉ခု ကိုတော့ စီမံဘဏ္ဍာ ၀န်ကြီး  ဦးမြတ်သူက တင်ခဲ့ပါတယ်)

မန္တလေးတိုင်းလွှတ်တော်အစည်းအ​ေ၀းတွေဟာ ပြီးတော့မှာ ဖြစ်ပါတယ်။ အလွန်ဆုံးကျန်မှ အစည်းအ​ေ၀း ၂ ကြိမ်လောက်ပဲဖြစ်ပါတယ်။

 လွှတ်တော်ကိုယ်စားလှယ်ပေါင်းက #၇၆ဦး ရှိကာ  တဦးကို လစာ #ကျပ်၅သိန်း ရပါတယ်။ တနှစ်ကို #ကျပ်သိန်း၄ထောင်၅ရာ၆ဆယ် လွှတ်တော်သက်တမ်း #၅နှစ်ဆို တော့ စုစုပေါင်း လစာဟာ #ကျပ်သိန်းပေါင်း၂သောင်း၂ထောင်၅ရာ၃ဆယ်  ရှိပါတယ်။ 

ဒါတောင် လွှတ်တော်အတွက်အဆောင်အယောင်ကုန်ကျစရိတ်တွေ၊ နေ့တွက်စရိတ်တွေ၊ လွှတ်တော်ရုံး၀န်ထမ်းတွေရဲ့ ကုန်ကျစရိတ်တွေမပါသေးပါဘူး။ 

အဲ့တော့ ၅ နှစ်အတွင်းမေးတဲ့ မေးခွန်းပေါင်း(ကြယ်ပွင့်ပြရော ကြယ်ပွင့်မပြရောပေါင်း) #၁၈၂၉#ခု နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၅ နှစ်စာ(လ ၆၀ စာ) လစာစုစုပေါင်း ကို စားကြည့်တဲ့အခါ မေးခွန်းတခုတန်ဖိုးဟာ ဘယ်လောက်ရှိမယ်ဆိုတာ ထွက်လာမှာဖြစ်ပါတယ်။ 

ကိုးကား #ကနောင်အင်စတီကျူ့
In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment