ဒီလမ်းကို
ချောမယ်ထင်လို့ ရွေးခဲ့တာမဟုတ်။
ရောက်မှာယုံလို့ ဖောက်ခဲ့တာ။
.
ဘဝမှာ တခါတရံ
" မြင်စမ်းပါ"လို့ မတိုက်တွန်းဘဲ
"ယုံစမ်းပါ"လို့ တောင်းဆိုရမြဲ မဟုတ်လား။
.
ရင်ဆိုင်ရာကို စိုက်ကြည့်ရင်း
ကျောခိုင်းရာကို ပြုံးပြရင်း
.
ဓါးလှံဘက် ခိုလှုံတာထက်
တရားမှန်ဘက်ကို ပုံလိုက်တာ။
.
မယုံမရဲနဲ့ ဆို
နွေညကောင်းကင်ကြည့်ရင်တောင်
ကြယ်ကလေးတပွင့် မြင်မှာမဟုတ်။
.
#မင်းကိုနိုင်
0 comments
Post a Comment