ငါ ဝမ်းပူဆာ မနေသော
ကျစ် ကျိ ကျစ်ကျိ နဲ့ အော်သံကနားထဲကို တိုးတိုး ၊ တိုးတိုးနဲ့ ဝင်လာသည်၊
သေချာ အာရုံစိုက် နားထောင်သည်၊
အသံက ပိုကျယ်လာ သည်၊
ဘာသံလဲ လို့ သေချာအောင် ထက်ပြီးနားစိုက် ထောင်လိုက်သည်။
ဖားအော်သံ၊
ဖားကလေး အော်သံ၊
ဟုတ်တယ် စားဖားကလေး အော်သံ ပါ။
မိုးတွင် ရောက်တော့ ဖားတွေအော်ကြသည်၊ သဘာဝပါ လို ထင်မှတ်စရာပါ၊
မိုးရွားပြီးသွားလို့ ရပ်အတန်ကြာတဲ့အခါ မိုးရွာ ဖို့ သူတို့အော်ကြတာပေါ့၊
စားဖားလေးတွေက ၊အန္တာရယ် ဆိုတာလဲမသိဘူး၊ပူအိုက်တော့ သူတို့ဘာသာ၊အသံတွေ ထွက်လာကြသည်။
အွပ် ' အွတ် ,
အုံ' အွမ် '
အသံတွေ ပြုကြသည်။
အဲ့ အသံတွေ က စားဖားလေးတွေ အတွက် သေစေနိုင်တဲ့ အသံ ဆိုတာ ၊
သိမယ် မထင်ဘူး၊
မြတ်ပင်တွေ ကြား၊
ကျောက်ကြို ၊ကျောက်ကြား၊
သစ်တို၊သစ်စ ကြားတွေ မှာ သူတို့ ရှင်သန် အော်ဟစ် ကြသည်။
သူတို့ အသံကို ပျော်ရွှင်စွာ နာစွင့်နေကြသည်၊နားစွင့် သူတွေက ကျောရိုးမပါတဲ့ မြွေ အမျိုးအစားတွေပါ။
မြွေတွေ ၊ဖားတွေကို စားကြ၏၊ဖားကို စားရာတွင်လည်း၊ဖားပေါက်စလေးများကို ပိုစားကြသည်၊ဖားပေါက် လို ဆိုရာတွင် အရွယ်ရောက်ပြီးသား စားဖားပေါက် လေးများက ၊မြွေတွေ ၏ ပါးစပ်ပေါက်နှင့် ပါးပြင်ခွက် အတွက် အသေးတော် အရွယ်အစားမို့ သူတို့ ကြိုက်သလို့ ဝါးမျိုးနိုင်သည်၊
အသံကြားရသို့ တဖြေးဖြေး ချဉ်ကပ် မိသည်၊ မြွေတကောင် ၊ဖားတကောင် အပြန်အလှန် ၊နပမ်းလုံးနေကြသည်၊
တခါ မှ ထို မြင်ကွင်းမျိုး မမြင်ဘူးခဲ့၊အတန်ကြာရပ် ကြည့်နေပြီးမှ သတိဝင်လာခဲ့သည်။
ဘယ်သူဘက်က ရပ်တည် ပေးမလဲ ၊စဉ်းစားသည်၊
ဆုံးဖြတ်ချက် ချလိုက်၏၊
အားနည်းသူဘက်က ရပ်တည် ပေးမည်။
အနိုင်ကျင့်တာကို မကြိုက်ပါ၊
လက်နက် ရှိသူက ၊လက်နက်မဲ့ ဖြင့် ချိန်းခြောက် အနိုင်ယူသည်။
အာဏာ ရှိသူက၊အာဏာဖြင့် အနိုင်ယူသည်။
အုပ်စု ရှိသူက အုပ်စုဖြင့် အနိုင်ယူသည်။
ငွေကြေး ရှိသူက ငွေကြေးဖြင့် အနိုင်ယူသည်။
အစွယ်ရှိသူက အစွယ်ဖြင့် အနိုင်ယူသည်။
အဆိတ်ရှိသူက ၊အဆိတ်ဖြင့်အနိုင်ယူသည်။
တောတောင် ထဲတွင် တိရစ္ဆာန်များသာ ကျင့်သုံးကြတော့ အားကြီးသူက အနိုင်ကျင့်သည့် အကျင့်၊ လူ ၊သတ္တဝါ တွေ ပုံတူကူးချကြသည်၊
ပြင်သစ်နိုင်ငံ တွင် အတွေးအခေါ် ဆန်းသစ်ချိန်တွင် ပေါ်လာခဲ့ အတွေးအမြင် တစ်ခု အရ
လူမှု ပဠိုညဉ် (Social Contact )
ကို ဖော်ထုတ်လာကြသည်။
အနိုင်ကျင့်တာတွေကို ကာကွယ်ပေးဖို့ ၊အစုအဖွဲ့ တခု ကို နေရာ ပေးကာ၊ဥပဒေပြဌာန်းစေသည်။
ဥပဒေတွေ ကျင့်သုံးဆောင်ရွတ်ဖို့ အစုအဖွဲ့တခု ကို လုပ်ပိုင်ခွင့်ပေးသည်၊
ပြင်ပရန်ကို ကာကွယ်ဖို့ ၊လက်နက်ကိုင် အစုအဖွဲ့ ထောင်ပေးသည်။
အားလုံးက ပြည်သူတွေ ထဲဝင်ငွေနဲ့ လည်ပတ်နိုင်အောင်၊လုပ်ပေးထားသည်။
သူတို့သည် သုံးစွဲရန်အတွက် ငွေကြေးကို ပြည်သူဆီက လက်ဖြန့်တောင်းရသည်။လွန်ခဲ့သော ရာစုနှစ်တွေက ပြင်သစ်နိုင်ငံက အတွေးအခေါ်အယူ၊အဆ၊စနစ်ဖြစ်ပါသည်။
ခုတော့ အလွဲကြီးလွဲနေပါသည်၊ ပြည်သူက ပြန်ပြီး လက်ဖြန့်တောင်းခံနေရသည်။
စားဖားလေး သေရတော့မည်အရေး၊ဝင်ပါပေးရသည်။
အခြားတဖက်က ကြည့်ရင် အဆိပ်ရှိ၊သတ္တဝါ၊တိရစ္ဆာန်၊ပြန်ပြီ ရန်လုပ်ရင် သေနိုင်သည်။
မြွေလည်း မသေ၊တုတ်လည်းမကျိုးမဖြစ်ရလေအောင် ၊ လုပ်ဖို့ လိုသည်။
လက်က တုတ်ကိုင်ထားသည်၊စားဖားကို အသက်ရှင်စေချင်သည်၊
မြွေကို လည်း သေသေချင်သည်၊
တစ်ချက်တည်း ရိုက်လို့ ကျင်းဝင်သည် ဆိုတာက ဘဘ တို့လက်ထက်က သတင်းစာမှာ ခဏခဏ ဖတ်ရဘူးပြီ၊
တစ်ချက်တည်းဖြင့် ကျင်းဝင်အောင်လုပ်မလား၊စဉ်းစားသည်၊မှတ်တမ်းတင်၊သတင်းဖော်ပြမယ့်သူက မရှိ၊ဆုပေးမယ့်သူက မရှိတာ သေချာသည်၊
ဆုံးဖြတ်ချက် ချလိုက်သည်၊အားဖြင့်လွဲကာ မြွေခေါင်းကို ရိုက်ချလိုက်သည်၊ စားဖားလွှတ်ထွက်သွားသည်၊
ဆက်ကာ ၊ဆက်ကာ ရိုက်လိုက်သည်၊
ဘယ်နှစ်ချက်ဖြင့် ကျင်းဝင်းသွားမှန် မသိတော့ပါ။
စားဖား ဗိုက်က ပိန်လိုက်၊ဖောင်းလိုက်ဖြင့်၊အသက်ရှု မဝ၊သလို့ ဝ သလို့ဖြင့် မောနေရှာသည်၊ ဝေးဝေးလည်းမသွားနိုင် ၊လမ်းလျှောက်ဖို့ အားအင်း ကုန်ခမ်းနေသည် ထင်သည်။
မြွေသည် အ့မြီးတွန်လှိမ့်ရင်းဖြင့် ငြိမ်ကျသွားတော၏၊
စားဖားလေးများ အော်ရင် သတိထားဖို့ သတိပေးချင်သည်။
ရန်သူကိုလည်းသတိထားရမည်။
ကယ်သူလည်း ရှိရမည်။
မိုးတွင်းမှာ စားဖားက လေးများ အော်ရင်လည်း အသံမထွက်ပါ နဲ့
သတိ ဖြေးဖြေး အော်ပါ။
ညိုလင်းလူ
0 comments
Post a Comment