Tuesday, September 22, 2020

ကိုဗစ်နိုင်တီး နှင့် ငွေကြေးစီမံခန့်ခွဲမှု
peaceoftrustTuesday, September 22, 2020 0 comments

ငွေကြေးစီမံခန့်ခွဲမှုနှင့် ကိုဗစ်နိုင်တီး

၂၀၁၆ ခုနှစ် ကမ္ဘာစစ်တမ်းတခုအရ မြန်မာ့နိုင်ငံသည် ကမ္ဘာပေါ်တွင် အပေးအကမ်း၊ရက်ရောဆုံးနိုင်ငံများစာရင်းတွင် နံပါတ်တစ်အဖြစ် ရပ်တည် နေတယ် လို့ ဖော်ပြထားတာကို ဖတ် မှတ် ခဲ့ရပါသည်။

ကျနော့် ဖေ့ဘုပ် စာမျက်နာမှာ ကိုဗစ်နိုင်တီးနီင်ပက်သက်ပြီး ငွေကြေးပြည့်စုံတဲ့ အဖွဲ့အစည်း၊လူ၊ကုမ္ပဏီတွေကို အလျူငွေ ထည့်ဝင်ဖို့ တိုက်တွန်းရေးသားတာတွေ ဖတ်ရသလို့၊ဂရုဏဒေါသလေးတွေ နဲ့ ပြောနေကြ၊ရေးနေကြတာလဲ၊ ဖတ်နေရပါတယ်။
 ရောဂါ စဖြစ်ကတည်းက စီးပွားရေသည်၊တရိတ်ရိတ်ဖြင့်ကျဆင်းလာနေပါသည်။ လုပ်ငန်းကြီးလေး ပိုရှုံးလေပါပဲ၊ပေးကမ်းစွန့်ကြဲမှုတွေကလည်း တစ်ကြိမ်မှ ဟုတ်ဖူး၊နှစ်ကြိမ်၊သုံးကြိမ်ဖြစ်လာရင် ၊ပေးကမ်းသူတွေလည်းမတက်နိုင်ပါဘူး၊တစ်ကြိမ်ထည်းကြီးကြီးမားမား ပေးကမ်းဖို့ဆိုတာလည်းစဉ်းစားစရာ ရှိလာပါသည်၊ပေးတဲ့သူနဲ့ယူတဲ့သူဆိုပြီ ဘက် နှစ်ဘက်ရှိတာကို သုံးသပ်စေချင်ပါသည်။
 ပေးတဲ့သူတွေ ဘက်က အရင်စပြီး စဉ်းစားရအောင်ပါ ၊ဝင်ငွေရလမ်းတွေကျဆင်းလာတယ်၊ အရင်ကအရောင်းအဝယ်ကောင်းလို့ အချိန်တွေ၊မအားပေးမဲ့၊ ခုအ‌  ရောင်းဝယ်ကျဆင်းချိန်မှာ အချိန်တွေ ပိုလာတယ်၊ပေးကမ်းစွန်ကြဲလိုက်တဲ့ ငွေကြေးကို ထိရောက်စွာ ခန့်ခွဲ့စေချင်ကြပါတယ်။တခြားသော ငွေကြေးပြည့်စုံသူတို့ရဲ့ စဉ်းစားနည်းအတိုင်းပြောရရင် ပေးလိုက်သည် ထပ်မက အကျိုးမြက်ကို ပိုမျှော်ကိုးပါတယ်၊ပိုပြီးလိုလားတယ်၊ထိရောက်စေချင်ကြပါတယ်၊ပိုပြီး အကျိုးဖြစ်ထွန်းစေခြင်ကြပါတယ်။
ငွေကြေးတစုံတရား လက်ခံပြီး၊အများအကြိုးအတွက် ဆောင်ရွတ်နေသူတွေ ဘက်ကိုကြည့်ရအောင်ပါ၊
ပြည်သူတွေ၊မိတ်ဆွေတွေ ခံစားနေရတာကို ကူညီပေးချင်ကြပါတယ်၊စိတ်ဓာတ်အရ မွန်မြတ်ကောင်းမွန်ကြပါတယ်၊အချိန်ပိုတွေရှိကြသလို့၊ တချို့ကလည်း မအားတဲ့ကြားက ကူညီကယ်ဆယ်ရေးလုပ်ကြတာကို တွေ့ရပါတယ်။
လိုအပ်တဲ့ပစ္စည်းဝယ်ယူရေး၊ခွဲဝေရေးတွေမှာ စီမံခန့်ခွဲမှုတွေ လုပ်ကြရင်းက လွဲချော်တာတွေ ရှိလာပါတယ်၊တကြိမ်မက၊နှစ်ကြိမ် ဖြစ်တက်ကြပါတယ်၊ဒီလို လွဲချော်မှုတွေဟာ ဆိုရင်လည်း လူပုဂ္ဂိုလ် ကြောင့်၊သိုမဟုတ် သီအိုရီလို့ပြောတဲ့စရင်းကိုင်ထိန်သိမ်းနည်း ပညာရပ် စနစ်ကျနမှုမရှိလို့ လွဲချော်ကုန်တာဖြစ်ပါတယ်။
တချို့သော အဖွဲ့အစည်းတွေဆိုရင် သိန်းထောင်ပေါင်းများစွာ ရန်ပုံငွေရရှိထူထောင်ထားသော်လည်း၊ထိရောက်တဲ့ လုပ်ငန်းများဆောင်ရွတ်နိုင်ချင်းမရှိပဲ၊တစ်နှစ်ကျော်၊နှစ် နှစ့်အတွင်း ငွေကြေးစီမံခန့်ခွဲမှု အလွဲတွေကြောင့် အဖွဲ့နှစ်ခြမ်းကွဲသွားစေသလို့ မြေပေါ်ကနေ တဖြည်းဖြည်းနဲ့အဖွဲ့တွေ ပျောက်ကွယ်သွားတာတွေ ရှိပါတယ်။
လူပုဂ္ဂိုလ် အားပြု အဖွဲ့အစည်းအများစုသည် ၊သီအိုရီအရ နည်ပညာအရ ၊အဖွဲ့အစည်းတွေသည်၊ LccI ပညာရပ် သင် လူပုဂ္ဂိုလ်၊အစိုးရစာရင်းကိုင် ဘွဲရ ၊တွေလို မျိုး လူသားအရင်းအမြစ် မရနိုင်သော်လည်း၊သုံးစွဲငွေကြေးကို ရှင်းတမ်းထုတ်ပြန်မှုအားနည်းကြပါတယ်။အလျူရှင်ကိုလည်း အသေးစိတ်မရှင်းပြကြသလို့၊အဖွဲ့ဝင်တွေကိုလည်း အသိပေး သုံးစွဲတာမျိုးမလုပ်ကြပါဘူး၊
အများသူငှာ သိကြစေဖို့ ငွေကြေးရှင်းတမ်းကို ထုတ်ပြန်သင့်ပါတယ်။သတင်စာကြီးမှာ မထည့်ပေးနိုင်ရင်တောင်မှ မိမိအဖွဲ့အစည်း မှာပါဝင်ကြတဲ့သူတွေကို၊ ငွေကြေးရှင်းတမ်း၊လချုပ်၊နှစ်ချုပ် အစီအရင်ခံစားတွေကို ဝေပေးသင့်ပါသည်။ ငွေကြေးကုန်ကျမှုများလို့၊မလုပ်နိုင်ရင်တောင်၊မိမိအသုံးပြုနေတဲ့ ဖေ့ဘုပ်အကောင့်၊ဖေ့ဘုပ်ပေ့ကနေ၊ရှင်းလင်းတင်ပြလို့ရပါတယ်။
အများစုပေါင်းပါဝင်လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်းတော်တော်များများသည် ၊လုပ်ဆောင်ချက်အားဖြင့် အောင်မြင်ကြပါသည်။ငွေကြေးစီမံခန့်ခွဲမှုမှာ လွဲချော်အားနည်းနေတာ တွေ့ရပါသည်။
ကျနော် လက်လှမ်းမီသော၊အဖွဲ့အစည်းအကြီး၊အသေးများသည်၊ငွေကြေးရှင်းလင်းခြင်းများကို၊အလျှုရှင်များသို့လည်းကောင်း အဖွဲဝင်များသို့လည်းကောင်း ထုတ်ပြန်ရှင်းလင်းပြောကြားပေးခြင်း မရှိကြပါဘူး၊
နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွတ်နေကြတဲ့ အဖွဲ့အစည်းတချို့နဲ့နိုင်ငံတော်အဆင့် ဆောင်ရွတ်ကြတဲ့၊အဖွဲအစည်းတွေမှာ ငွေကြေးရှင်းတမ်းထုတ်ပြန်တာကို တွေ့ရပါတယ်၊နယ်ဘက်တွေက အဖွဲ့အစည်းတချို့ဆိုရင် ကိုယ်ရပ်ကွတ်၊ကိုယ်ဇတ်ပဲ ဒါတွေ မလိုဘူးဆိုပြီး၊မထုတ်ပြန်ကြပါဘူး၊အလျုရှင်ကလည်း၊ငါတို့ဘာလုပ်လုပ် ခွင်ပြုပြီးသား၊စေတနာ၊သုံးတန် ပြက်သားလို့ ပေးကမ်းတာ ၊ငါတို့ ကြိုက်သလို့ သုံးစွဲလို့ရတယ်ဆိုပြီးသုံးစွဲကြပါသည်။မှတ်တမ်းမရှိ၊စရင်းမရှိ၊ကြုံသလိုဝယ်၊ကြုံသလို သုံးစွဲကြပါသည်။ 
 မိမိအဖွဲ့အစည်းအတွက် မှတ်တမ်းဆိုတာမျိုးက ရှိသင့်ပါသည်၊မိမိအဖွဲအစည်းက ပေးကမ်းကူညီခဲ့သော နေရာ၊ အိမ်ခြေ၊လူဦးရေး၊ဆေးဝါး၊ပစ္စည်း၊ငွေကြေး၊ဝင်ငွေ၊ထွက်ငွေ၊မှတ်တမ်းထားပါသည်။ဘာကြောင့်လည်းဆိုရင်ဖြင့်၊ကူညီလုပ်ကိုင်ပေးခဲ့သော ဒေသ ၊နေရာ၏ ဖြိုးဖွံ့ရေးအဆင့်၊အနိမ်၊အမြင့်၊အတက်အကျ၊အခက်အခဲ့ တွေကို ၊နောက်အဖွဲ့အစည်းတွေ၊နှောင်လူတွေ အတွက်အတွက် ကူညီ၊ကယ်ဆယ်ရေး ပေးကမ်းဖို့ လုပ်ကြတဲ့အခါ၊အစကနေ လုပ်တာထက်စာရင် ရှိပြီးသားအခံကနေ၊စလုပ်ရင် အချိန်၊ ငွေကြေး၊လူ၊အင်းအားသက်သာ ထိရောက်စွာ ကူညီ‌  ပေးနိုင်ပါတယ်။
 နိုင်ငံတော်အဆင့်အနေဖြင့် ကြည့်မယ်ဆိုရင်လည်း၊လူတစ်ဦးခြင်း၊ဝင်ငွေ၊ကုန်ထုတ်လုပ်မှု၊သဘာဝဘေးဒဏ်ခံစားရမှု၊အလုပ်လက်မဲ့ဦးရေး၊လူနေမှုအဆင့်အတန်း၊ကျန်းမာရေးအသိ၊ပညာရေးအဆင့်အတန်းတွေ သိရှိနိုင်ပါတယ်။
ရသုံးမှန်ခြေ ငွေစာရင်း ရေးဆွဲခဲ့သည့်ရှိပါက မိမိတို့ကူညီကယ်ဆယ်ခဲ့သော၊ဒေသ ၊ရပ်ရွာ အခြေအနေကို ချက်ချင်းသိနိုင်ပြီး ပိုမိုကူညီးပေးလာနိုင်မှာဖြစ်ပါတယ်။ငွေကြေးစီးဆင်းမှုသည်လည်း ပိုမိုအားကောင်ခိုင်မာလာကာ၊လျက်မြန်လွယ်ကူ ထိရောက်တဲ့ကူညီမှု‌  တွေဖြစ်လာမှာဖြစ်ပါတယ်။ 
အခု လိုကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကျရောက်ချိန်မှာ၊သဘာဝသယံဇတထုတ်ယူနေတဲ့ ဒေသက   ပြည်သူတွေက ကူညီဆောင်ရွတ်ဖို့ ရောဂါ ထိန်းချုပ်ဖို့ တွန်းတွန်းတိုက်တိုက် ဆောင်ရွတ်နေကြချိန်မှာ အစိုးရ အပြင် ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်း၊အဖွဲ့အစည်း၊ကုမ္ပဏီ၊လူပုဂ္ဂိုလ်၊ကို မပေးကမ်းမစွန့်ကြဲဘူး၊မပါဝင်ဘူး ၊မလုပ်ရကောင်းလားလို့ ဒေါမနသ ဝေဒနာ ခံစားလာကြပါတယ်။
ဒါဟာ ရေဆွဲထားတဲ့၊အခွန်စနစ်၊တိုင်းရင်းဒေသတွေ၏ဌာနေတွေရဲ့အကျိုးစီးပွားကာကွယ် ပေးရေးဥပဒေ တွေ အားနည်းလို့ဖြစ်ပါသည်။ အခွန်စနစ်ကို ထိန်းကျောင်းကြီးကြပ်တဲ့လူပုဂ္ဂိုလ်၊ဥပဒေစနစ်ကို ထိန်းကျောင်းကြီးကြပ်တဲ့ လူပုဂ္ဂိုလ်အားနည်းမှုကြောင့်လဲဖြစ်ပါတယ်။ဒေသတခု၏ အရေးပေါ်ရန်ပုံငွေ ဆိုတာ ရှိပါတယ်၊ရွာတရွာ၏ ရန်ပုံငွေ ဆိုတာ လူကြီး အိမ်ဆောက်ဖို့၊ကားဝယ်စီးဖို့ မဟုတ်ပါဘူး၊ရပ်ရွာအတွက် အရေးပေါ်အခြေအနေကျရောက်ရင် သုံးစွဲဖို့ ထည့်ဝင်ပေးထာတာပါ ၊သဘာဝသယံဇတထွက်ရှိတဲ့ ဒေသတွေဆိုရင် ရွာရန်ပုံငွေ တောင့်တင်းကြပါတယ်၊မြေတကွတ် သိန်းထောင်ဂဏန်းအရောင်းအဝယ်ဖြစ်ရင်ရွာအတွက်ရန်ပုံ‌  ငွေ သိန်းဆယ်ဂဏန်းရကြပါတယ်။ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဆိုရင်လည်း အရေးပေါ် ဒေသရန်ပုံငွေကိုထုတ်ယူသုံးစွဲလို့ရပါတယ်။စဥ်းစားရမှက မူဝါဒ တခု အလုပ်ဖြစ်‌  နေလား မဖြစ်လား၊မူဝါဒကောင်းရင် မူဝါဒကို ကြီးကြပ်ပေးတဲ့ လူ ကောင်း၏မကောင်း၏ စဉ်းစားရမှာဖြစ်ပါတယ်။အိမ်နီးနားချင်း စိန်နားကပ် ပန်တာကို လက်ညှိးထိုးမယ်အစား၊မိမိတို့က ဘာလို့၊ဘာကြောင့်၊How&Why စိန်နားကပ် မပန်းနိုင်တာလည်း၊ ဘယ်သူမှာ တာဝန်ရှိတာလဲ ဆိုတာကိုလည်း စဉ်းစားစေချင်ပါသည်။
၂၀၁၆  ခု ကမ္ဘာစစ်တမ်းတခုအရ၊မြန်မာ့နိုင်ငံသည် အပေးကမ်း၊အလျှူဒါန မှာ ကမ္ဘာတွင် နံပါတ်တစ် နေရာ ရှိပါသည်။
 အရှေ့တောင်အာရှ နိုင်ငံများ ရဲ့ အပျော်ဆုံးနိုင်ငံစာရင်းမှာတော့မြန်မာ့နိုင်ငံသည်။ နံပါတ်တစ် နေရာမှာ မရှိပါ။
#ဝေဖန်ပါ
#နှစ်သက်ပါ
#ကြိုက်ပါ
#မျှဝေပါ
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment