အချို့သောသူများမှ စည်းရုံးရေးဆောင်ရွက်ခြင်းကို ဆိုင်တွင်ရောင်းချနေသော တံဆိပ်မျိုးစုံရှိသည့် ဆပ်ပြာမှုံများ
မှ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်သော လှုပ်ရှားမှုပုံစံတခု သို့မဟုတ် သိပ္ပံပညာရပ်တခုအနေဖြင့် ရှုမြင်ကြ
သည်ဖြစ်သည်။
ဤသည်မှာ စာရေးသူမှ ထိုဝမ်းနည်းဖွယ်ကောင်းစွာ လှည့်စားထားသော သဘောထားအမြင်ကို ရှင်းလင်းရန်အ
တွက် အခွင့်အလမ်းကို အရယူလိုက်ခြင်းပင်ဖြစ်သည်။ ထို့အတူ မိမိတို့မှ ယုံကြည်ထားသည်မှာ အကြောင်းအရာ
ပြဿနာ၊ အခြေအနေနှင့် လှုပ်ရှားမှုတိုင်းသည် သီးခြားလူမှုရေးဆိုင်ရာ ဆက်စပ်စဉ်းစားရမည့် (လူမှုရေးအရ၊ ယဉ်
ကျေးမှုအရ နိုင်ငံရေးအရ၊ စီးပွားရေးအရ အခြေအနေတခုအပေါ်တွင် အခြေခံရမည်ဖြစ်သည်။
ထိုရုပ်ပုံကြီး၏ မည်သည့်လက္ခဏာသွင်ပြင်တခုတွင်မဆို ပါဝင်နေသည်များအရ စည်းရုံးရေးဆောင်ရွက်သူတွင် အခြေ
အနေတရပ်လုံးကို ပိုမို၍ လုံးလုံးလျားလျားနားလည်မှုနှင့် သဘောပေါက်မှုများရှိထားရန်မှာ မရှိမဖြစ်အရေးကြီးမှု ပင်
ဖြစ်သည်။ ထိုလူထုစည်းရုံးရေး ချည်းကပ်ဆောင်ရွက်မှုသည် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းနှင့် လူ့ဘောင်အဖွဲ့
အစည်းတရပ်အတွင်းရှိ မည်သည့်အကြောင်းအရာကိုမဆို ဖော်ထုတ်ရာတွင် အခြေခံအကျဆုံးနှင့် မရှိမဖြစ် အရေး
ကြီးဆုံးသော လုပ်ငန်းစဉ်ပင်ဖြစ်သည်။
အကယ်၍ စည်းရုံးဆောင်ရွက်သူတဦးသည် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတရပ်ကို ဆောင်ရွက်ရာတွင် လုံးလုံး
လျားလျား အခြေအနေဆိုးဝါးခဲ့ပါက နောက်ထပ်လုပ်ငန်းစဉ်တခုကို သူ သို့မဟုတ် သူမ အနေဖြင့် ရွေးချယ်နိုင်မည်
မဟုတ်ပါ။ တဦးတယောက်မှ ချည်းကပ်ဆောင်ရွက်မှုအတွက် လူမှုဖူလုံရေး စိတ်အားထက်သန်မှု သို့မဟုတ် လူမှုရေး
ဆိုင်ရာဝန်ဆောင်မှု တရပ်ဖြင့် ထိုပြဿနာရပ်အား ချည်းကပ်ဆောင်ရွက်ရန် ဆန္ဒရှိမှသာဖြစ်မည်။
ဖြစ်စဉ်ဇာတ်လမ်း --၁
မလေးရှားနိုင်ငံ အရှေ့ခြမ်းရှိ ဘာရာဝပ်ဒေသတွင် ဒေသခံတိုင်းရင်းသားဖြစ် သော ဒါရပ်လူမျိုးများသည် ဘကပ်ရေ
အားလျှပ်စစ်စီမံကိန်းအတွက် ရေလှောင်တမံတည်ဆောက်ခြင်းကဲ့သို့သော စီမံကိန်းကြီးများကြောင့် ၎င်းတို့ ဘိုး
ဘွားပိုင်မြေယာများ ပျက်ဆီးဆုံးရှုံးရခြင်း၊ စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းကြီးများ၊ လွမ်းမိုးမှုခံရခြင်း နှင့် အစိုးရ
အာဏာပိုင်များ၏ တာဝန်မဲ့လုပ်ကိုင်ခြင်းများကို ရင်ဆိုင်ကြုံတွေ့ နေရပါသည်။ အချို့သော အိုင်ဘန်၊ မလေး၊
ကန်ယာ၊ ကယန်းနှင့် အခြားသောဌာနေလူမျိုးအုပ်စုများသည် အစကနဦးကတည်းကပင် ထိုသို့ ဆိုးဝါးလာသည့် အ
ခြေအနေများကို ရင်ဆိုင်ရန်အတွက် လူထုအဖွဲ့အစည်း စည်းရုံးဆောင်ရွက်ခြင်း လုပ်ငန်းအခြေခံနှင့် ချည်းကပ်
ဆောင်ရွက်မှုတရပ်ကို အသုံးပြုခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခြေအနေများအား ကျော်လွှားနိုင်ရန်
တွက် စည်းရုံးရေးဆောင်ရွက်ခြင်းကို လုပ်ဆောင်ခြင်းမှလွဲ၍ အခြားသောနည်းလမ်းများမရှိသည်ကို ထိုသူများမှ နား
လည်သဘော ပေါက်ခဲ့သောကြောင့်ပင်ဖြစ်သည်။
အခြားသူများကဲ့သို့ပင် ဆာရာဝပ်ဒေသရှိ ဒေသခံဌာနေလူမှုအဖွဲ့အစည်းများသည် ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ
လေ့ထုံးတမ်းများအရ အစဉ်အမြဲ စည်းရုံးရေးကိုလုပ်ဆောင်ခဲ့ကြသည်။ သို့ရာတွင် သက်ဆိုင်ရာအစိုးရဧဂျင်စီများနှင့်
၎င်းတို့၏ ပေါ်လဆီများအရ လုပ်ပိုင်ခွင့်အာဏာပေးခဲ့သော ကုမ္ပဏီကြီးများ၏ နယ်မြေချဲ့ထွင်လာမှုများကြောင့်၎င်း၊
ဖွံ့ဖြိုးတိုးတက်ရေးဟု ပြောဆိုနေသည်များ၏ ရိုက်ခတ်မှုကြောင့် ဒေသဆိုင်ရာအဖွဲ့အစည်းများကို အကျိုးအမြတ်
အတွက် ဆွဲဆောင်ခဲ့သည့် အလားအလာများကြောင့်၎င်း၊ ပေါကြွယ်ဝသည့် သဘာဝအရင်းအမြစ်များနှင့် အဓိက
အားဖြင့် ထောင်ပေါင်းရာချီသော သစ်တောမြေများအား ဆီအုန်းစိုက်ခင်းများ၊ စက်ရုံများနှင့် ရေလှောင်သည်
ဆောက်အဦးများအတွက် နေရာများနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်များအဖြစ်သို့ ပြောင်းလဲပစ်လျက်ရှိကြပါသည်။
လူထုအဖွဲ့အစည်း စည်းရုံးရေးလုပ်ဆောင်သူများ၏ ပူးပေါင်းဆောင်ရွက်သည့်ကွန်ယက်မှ လူထုအဖွဲ့အစည်းအား
စည်းရုံးခြင်းဖြင့် ၎င်းတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ ဇာတိမြေများအား ကာကွယ်ပေးခြင်းကို၎င်း၊ ဓလေ့ထုံးတမ်းဆိုင်ရာ
သင်ကြားမှုများနှင့် ပညာရပ်များအား ပြန်လည်ဖော်ထုတ်ခြင်းကို၎င်း၊ ပြည်သူလူထုမှပိုင်ဆိုင်သော မြေယာများကို
0 comments
Post a Comment