Monday, June 1, 2020

သင်၏ပါဝင်မှု နေရာအဆင့်ကို သိရှိထားပါ
peaceoftrustMonday, June 1, 2020 0 comments

သင်၏ ပါဝင်မှုအခန်းကဏ္ဍနှင့် အဆင့်ကို သိရှိထားခြင်း
မည်သည့် စည်းရုံးရေးလုပ်ဆောင်သည့် လုပ်ငန်းစဉ်တွင်မဆို မတူညီကွဲပြားသော ပြည်သူများကနေပြီ ပါဝင်ဆောင်ရွက်
သည့် မတူညီသော အခန်းကဏ္ဍများနှင့် လုပ်ငန်းတာဝန်များရှိကြပါသည်။
ဤသည်မှာ ဒေသခံလူမှုအဖွဲ့အစည်းအဆင့်၊ လူမှုအဖွဲ့အစည်းတခုနှင့်တခုအကြားအဆင့်များတွင်ဖြစ်နိုင်သလိုပြည်နယ် နှင့် တိုင်းအဆင့်များတွင်လည်းဖြစ်နိုင်သည်။
နိုင်ငံတော်အဆင့်အထိ ရောက်ရှိနိုင်သည့်အပြင် ဒေသတွင်းဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာအဆင့်များအထိပင်
ရောက်ရှိကောင်းရောက်ရှိနိုင်သော ပို၍ကျယ်ပြန့်သည့်  စည်းရုံးရေး
ဆောင်ရွက်မှု လုပ်ငန်းစဉ်၏ နည်းဗျူဟာများနှင့် လိုအပ်ချက်များအပေါ်တွင် မူတည်လျက်ရှိပါသည်။
သို့ရာတွင် အားလုံးတူညီသည်မှာ စည်းရုံးရေးလုပ်ဆောင်သူတဦးသည် စည်းရုံးလုပ်ဆောင်သည့် လုပ်ငန်းစဉ်တခု
လုံးတွင် မိမိ၏ အဆင့်နှင့် တာဝန်ရှိမှုများကို ရှင်းလင်းစွာ ဖော်ပြရမည်ဖြစ်သည်။ ထိုသူများသည် ထောက်ပံ့သည့်
အခန်းကဏ္ဍများ၊ တိုက်ရိုက်ကွင်းဆင်းလုပ်သားများ၊ စေ့စပ်ညှိနှိုင်းဆောင်ရွက်သူများ၊ စေ့စပ်ဆော်  ဪသူများ ပြော
ရေးဆိုခွင့်ရှိသူများ အစရှိသကဲ့သို့၊ ရှေ့တန်းမျက်နှာစာတွင် တာဝန်ရှိသူများ သို့မဟုတ် လူအများအကြား ထင်
ထင်ပေါ်ပေါ် လုပ်ဆောင်ရသူများအဖြစ်၎င်း၊ သီးခြားလူမှုအဖွဲ့အစည်း၏။ ဒေသခံကော်မတီအဖွဲ့ဝင်များအဖြစ် ထောက်
ပံ့ပေးသည့် အခန်းကဏ္ဍများတွင် နေရာယူရသူများအဖြစ်၎င်း၊ နောက်ကွယ်တွင်ရှိ နေသူများအဖြစ်၎င်း တခုခုကို
ရွေးချယ်ရမည် ဖြစ် ပါသည်။
ထောက်ပံ့သည့် အခန်းကဏ္ဍများဆိုသည်မှာ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း၏ လှုပ်ရှားမှုများ၊ လုပ်ငန်းဆောင်တာ
များနှင့် လှုပ်ရှားမှုများတွင် ကူညီပေးနိုင်သည့် ဗွီဒီယိုသမားများ ဓါတ်ပုံသမားများ၊ အချက်အလက်မှတ်တမ်းတင်
သူများ၊ စာရင်းကိုင်များကဲ့သို့သော နည်းပညာ ပိုင်းဆိုင်ရာကျွမ်းကျင်သူများသာမက ကျွမ်းကျင်သူများကို အသုံးပြုမှု
များ ပင်လျင်ပါဝင်ပါသည်။ ဤကျွမ်းကျင်မှုများမှာ ၎င်းတို့အတွက် နေ့တဓူဝ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့
လုပ်ငန်းများဖြစ်သော ချက်ပြုတ်ခြင်း၊ လှေလှော်ရွက်တိုက်ခြင်း၊ ကုန်တင်ကားမောင်းနှင်ခြင်း၊ လယ်ယာစိုက်ပျိုးခြင်း၊
အဆောက်အဦးများဆောက်လုပ်ခြင်း၊ ဒေသဆိုင်ရာ တိုင်းရင်းဆေးကုသခြင်း အစရှိသည်တို့ဖြစ်ပါသည်။


In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment