၁။ပြည်သူများမှ စတင်ပါ။
၂။ သူတို့၏ စဉ်းစားတွေးခေါ်မှုများ ပြုလုပ်နိုင် အောင် ကူညီပေးပါ။
၃။ အတူတကွ ခွဲခြမ်းစိတ်ဖြာလေ့လာပြီး အများနှင့်ပတ်သက်သော သဘောပေါက်နားလည်မှုတရပ်ကို ထူထောင်ပါ။
၄။ သစ်လွင်သော သတိပြုမှုများ၊ အမြင်သဘောထားများ၊ ဗဟုသုတများ ရရှိပါစေ
၅။ သတိပြု၊ သတိမူမှုများမှသည် လှုပ်ရှားမှုသို့ ဦးတည်ပေးပါ။
၆။ လှုပ်ရှားမှုကို အကဲဖြတ်ဆန်းစစ်ပါ။
ပြည်သူလူထုအကြား ထိရောက်သော လူထုအဖွဲ့အစည်း စည်းရုံးရေးလုပ်ငန်းစဉ်တရပ် အောင်မြင်မှုရရှိရန် အဓိက
အချက်မှာ အများနှင့်ဆိုင်သည့် သဘောပေါက်နားလည်မှုတရပ်ကို ထိုလူထုကနေပြီး စုပေါင်းဖော်ဆောင်နိုင်ရန်အတွက် ၎င်း
တို့အား မိမိတို့မှ မည်သို့ စေ့စပ်ဆော် ဪသွားနိုင်သည်အပေါ်တွင် မူတည်နေပါသည်။
ပြည်သူလူထုသည် ၎င်းတို့၏ ကိုယ်ပိုင် အနေအထားအပေါ် စဉ်းစားတွေးခေါ် ၍ခွဲခြမ်းစိတ်ဖြာစိစစ်လေ့လာနိုင်ရန် စွမ်းဆောင်
နိုင်ရမည်ဖြစ်သည်။ ၎င်းတို့မှ ထိုးထွင်းသိမြင်မှုအသစ်များကို ရှာဖွေတွေ့ရှိနိုင်မှသာလျင် သတိပြုမူမှုများ ပိုမို၍
ဖြစ်လာလိမ်မည်ဖြစ်ပြီး ဤသတိပြုမှုများမှ အချို့သော လုပ်ရှားဆောင်ရွက်မှုပုံစံများသို့ သူတို့ ကို ဦးဆောင်သွားနိုင်
မည်ဖြစ်သည်။ ဤပထမလှုပ်ရှားဆောင်ရွက်မှုမှတဆင့်လူထုသည် သင်္ခန်းစာအသစ်များကို ရရှိရန်အတွက် ပိုမို၍
တုန့်ပြန်မှုများကို ပြုလုပ်လာလိမ္မည်ဖြစ်သည်။ ထိုသင်ခန်းစာအသစ်များမှ ၎င်းတို့အား နောက်ဆက်တွဲ တုန့်ပြန်မှုများ
အတွက် အဓိအစဉ်ကို ကူညီပေးလိမ္မည်ဖြစ်သည်။ ဤနည်းအားဖြင့် ထိုစည်းရုံးရေးလုပ်ဆောင့် သည့် သံသရာစက်နှင့်
ဝိုင်းနှင့် လေ့လာမှုကွင်းဆက်ကို ဆက်လက်ဖြစ်ပေါ်စေပါသည်။
0 comments
Post a Comment