#အသက် ရှူသံတွေ ပြင်းတယ်
ရှူး ရှူး ….ရှူ..ရှူး…...
အသက်ရှု ကြပ်တယ်
မနက်ဖန် မှာ သူတို့ လာကြမတဲ့
ကြပ်ခို ဆွဲ အင်ကျီ ကို ကျကျနန ဝတ်လို့
ဖားဥ ဆွဲနေတဲ့ ဖိနပ်ကို အသာအယာ စီး
ဆိုင်ကယ် စတပ် ဆွဲ လိုက်တယ်
နောက် ဘီးရွံ့ ကာ မပါ တဲ့ ဘီးကြောင့်
ငါ ကို လည်း ပေကျံ လို
သူတို့ကို လည်း ပေကျံလို့
ကုန်းစျေးနှုန်းတွေ ပြေးလိုက်လာတယ်
ညစ်ပတ် စွန်းထင် နေတဲ့
စျေးနှုံးတွေ ကိုလျှော်ပေးပါ
ငါကိုယ် တိုင် ပေကျံ နေ လက် နဲ့
သန့်စင် ပေး ဖို့ ရေသန့်
ရှာ နေ လေ ရဲ့ .....
မိသားစု ဘဝတွေက အဝေး
ပြုစု ယုယ ဖို့ ငေး
တစတစ နဲ့ ဝေးသထက်ဝေး
ခင်ရာ မင်ရာ ကို မိသားစု လုပ်
ထင်သာ မြင်သာ တဲ့ အတွေးကို ထုပ်
လူတကာ ကွယ်ရာ မှာ အတင်းယုတ်
အမြတ်ကြီးစား တာ
ချစ်တီးကုလားကွယ့်
အချစ်ကြီး မယားတော့ ဖြစ်ချင် ရှာရဲ့
ပလိုင်ပေါက်နဲ့ ဖားကောက်
မျက်နာ က သနပ်ခါး
ပေါင်မှာက သေးစည်းကြောင်း
နှောင်မှာက သူတို့တတွေ တကယ်ကောင်း
အမှောင်မှာ ခံလို့ ညောင်း
အသက်ရှု သံတွေ ပြင်းတယ်
တသက် ဒီအသံတွေနဲ့
ကြပ်တယ် ကြပ်တယ် ။။
ညိုလင်းလူ
၂၂_ဇူလိုင်_၂၀၁၈
0 comments
Post a Comment