Monday, June 22, 2020

ဖေ့ဘုပ်ကို ဘယ်သူ အဆုံးသက်ပေးမလဲ
peaceoftrustMonday, June 22, 2020 0 comments



face app က ဒေတာယူတယ်ဆိုတာ တတ်လာတော့ ခပ်သောသော ရီမိတယ်။

ဘာလို့လည်း ဆိုတော့ ဇာတ်ကားတွေ လှေ ျာက်ကြည့် စာတွေ လျောက် ဖတ်တော့ နည်းနည်းသိတယ်။
သိတာလေးပြောပြမယ်။

app တိုင်းမှာ user agreement ပေးရတယ်။မပေးလည်း သုံးမရဘူးလေ။

လူအများသုံးတဲ့ ဖေ့ဘုတ် ဆို အရမ်းလူးပါးဝတယ်။မယုံရင် search box ကနေ ပစ္စည်းတစ်ခုလောက် ရှာကြည့်ပါ။
ဆိုပါတော့ မိန်းကလေးတွေရဲ့ အဆီကျဆေးပေါ့။
နောက်ရက် သူ့ newsfeed မှာ အဆီကျဆေးရောင်းထားတဲ့ပိုစ့်တွေ တွေ့ပါလိမ့်မယ်။အဲ့ဒါက ဖေ့ဘုတ်ကို boost ဖိုးပေးထားတဲ့ ပိုစ့်တွေပါ။

ဆိုလိုတာက စောင့်ကြည့်ခံနေရတာပါ။ကြော်ငြာပစ်မှတ်တစ်ခုအတွက် စောင့်ကြည့်ခံ နေရပါတယ်။ဒါ့အပြင် ကိုယ့်မွေးနေ့လည်း သိပါတယ်။ဘယ်တွေ သွားနေလည်း ဆိုတာလည်းသိပါတယ်။(တခါက ခရီးသွားတော့ ကိုယ်လိုပဲ ခရီးသွားနေတဲ့ friend တွေကို travel ဆိုပြထားပါတယ်။near location ကကြည့်တာပါ။ဆိုလိုတာက device တစ်ခုက တခြားမြို့ကိုရောက်တာနဲ့ သူသိရပါတယ်။*သေချာတော့ ပြန်လုပ်ကြည့်ဦးမယ်။)

 ဘာလုပ်နေလဲ ဆိုတာလည်း သိပါတယ်။သင့် အိမ်နား လေပြင်းတိုက်ရင်လည်း မင်းအဆင်ပြေရဲ့လားဆို လှမ်းမေးချင် မေးနိုင်ပါတယ်။ဒါတွေဟာ လူတွေရဲ့ စိတ်ကို လွှမ်းမိုးဖို့ အတွက် ဒေတာတွေ ဖြစ်ပါတယ်။

ရခိုင် ကလူတွေရဲ့ ဖေ့ဘုတ်မှာ မြန်မာတွေ မကောင်းကြောင်းတွေပဲ News feedsမှာ အမြဲလို ပြထားပေးပြီး ဒီဘက်က မြန်မာတွေ ကို ရခိုင်တွေ တလွဲလုပ်တဲ့အကြောင်းချည်း ပြထားလို့ရပါတယ်။ ကြားပါများ အမှန်ထင်တာ လူ့သဘာဝလေ။ ကဲ တိုင်းပြည်ကို ဘယ်လောက် ရန်တိုက်ရလွယ်လဲ ။(လုပ်တယ်လို့ မပြောဘူးနော် လုပ်လို့ရတယ်။ ကျွန်တော့်  အသိဖေ့ဘုတ်မှာဆို ဖြိုးမင်းသိန်းဂွမ်တော့ မှာ A.a တွေ ဘယ်လိုသေတာ။nld ဘယ်လိုညံ့တာ။မျိုးချစ်တွေ ဘယ်လို စုစည်းနေပြီ အင်အား သိန်းကျော်မှာနဲ့ အမြဲတက်တယ်။ကျွန်တော့်ဆီတော့ nld ကောင်းကြောင်းချည်းတက်တယ်။*ဒါကရိုးရိုး ai သက်သက်ကို ပြောတာပါ။)

ဒါပေမယ့် လူတိုင်းကို အသုံးချဖို့အတွက် လုပ်နေတာတော့လည်း မဟုတ်ဘူး။လုံခြုံလားလို့ မေးရင် လုံးဝမလုံခြုံပါလို့ ပြောရမယ်။

တာဝန်ယူမှုလည်း သိပ်မရှိပါဘူး။ဒီမှာလည်း ဖေ့ဘုတ်ကို တရားမစွဲကြပါဘူး။စွဲလို့လည်းမရဘူးနေမှာ တပ်မတော်ပေ့စ်တောင်ဖျက်တာ။

။ရွေးကောက်ပွဲလို ဟာမျိုးမှာ ဘယ်နယ်ဘယ်ဒေသတွေကတော့ မဲမှ ျခြေ ရှိနိုင်တယ်ဆိုတာကို ဖေ့ဘုတ်ကနေတဆင့် ဒေတာကောက်လို့ ရပါတယ်။ပြီးရင် သူ့ကိုboost လုပ်ပြီး ကိုယ့်ဘက်က အားသာအောင် မဲဆွယ်လို့ရပါတယ်။ကိုယ့်ဆီက ခပ်ပေါပေါတွေက ဇ ခါ ဘတ်က ဘယ်လိုရိုးရိုးအေးအေးနေတာဆိုပြီး တက်ကျမ်းဆရာတွေရဲ့ ပိုစ့်ကို ရှယ်ကြသေးတာပဲ ။ လခွမ်း။ဒင်းလောက်ငွေယူကြမ်းတာကို။

user တွေအနေနဲ့ ဘာလုပ်နိုင်လဲ။ဘာမှ မလုပ်နိုင်ပါ။အတတ်နိုင်ဆုံးလုပ်နိုင်တာက vpn ကျော်တာ ဖုန်း location ပိတ်တာ။အတတ်နိုင်ဆုံး တိတ်တိတ်လေးနေတာ။fake ဆန်ဆန်သုံးတာလောက်ပဲရပါတယ်။

ဒါ့အပြင် လုပ်မရပါဘူး။ google playstore ဆိုတာလည်း total sms(ဘယ်ဖုန်းလာတယ် ဘာမတ်ဆေ့လာတယ်ဆိုတာကို တခြားဖုန်းတစ်လုံးကိုမတ်ဆေ့ပို့ပေးတာပါ။ပိုင်ရှင်မသိပဲပေးပို့တာပါ။ကိုယ့်ဘေနဲ့ကိုယ် သူများကို ပို့ပေးနေတာ ) ကိုတောင် တချိန်က တင်ထားခဲ့တာပဲ။ပေါ်တင် track တာနော်။

ဆိုတော့ ဒါတွေနဲ့မှ မကင်းနိုင်ပဲ privacy လုံခြုံရေးဆိုတာ သင်ဇာ့ အဝတ်အစားလိုပဲ။ဝတ်တော့ထားတယ် မလုံဘူး။

စကားမစပ် ဖေ့ဘုတ်စ် မကောင်းကြောင်း ဖေ့ဘုတ်မှာ တက်ရေးရတယ်။ငါလေးသနားစရာ
In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment